Unicode Version
ဒေါ့မွန် အသင်း ရဲ့ လူငယ် တိုက်စစ်မှူး လေး ဟာလန်း ဟာ အသင်း အတွက် ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူ လျက် ရှိနေ ပါတယ်။
ဒဏ်ရာ ပြဿနာ ကြောင့် အနား ယူ ခဲ့ရတာ ရှိပေမယ့် လည်း ဟာလန်း ဟာ ဒဏ်ရာ သက်သာပြီး ပွဲထွက် ခွင့် ပြန်ရ ချိန်မှာ အရင် အတိုင်း ခြေစွမ်း ပြပြီး ဂိုးတွေ သွင်းယူ နေဆဲ ပါပဲ။
ဒီတစ်ပတ် ယှဉ်ပြိုင် ကစား ခဲ့တဲ့ လိုက်ဇစ် နဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲစဉ် မှာလည်း ဟာလန်း ဟာ သူ့ရဲ့ သွင်းဂိုးတွေ နဲ့ အသင်းကို နိုင်ပွဲ ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ ပါတယ် ။
ဒေါ့မွန် က လိုက်ဇစ် ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ ဒီ ပွဲစဉ် မှာတော့ ဟာလန်း ကိုယ်တိုင် ၂ ဂိုး သွင်းယူပေးနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါဟာ ဟာလန်း အတွက် ဒီနှစ် ဘောလုံး ရာသီ ၁၂ ဂိုးမြောက် ဘွန်ဒက်စ်လီဂါ သွင်းဂိုး လည်း ဖြစ်လာခဲ့ ပါတယ်။
ဟာလန်း ဟာ ဒီရာသီ ဒေါ့မွန် အတွက် ဘွန်ဒက်စ်လီဂါ ၁၀ပွဲ သာ ကစားခဲ့ ရတာ ဖြစ်ပေ မယ့်လည်း ပွဲအရေ အတွက် ထက် သွင်းဂိုး က ပိုများနေ ခဲ့တာပါ။
သူ့ရဲ့ ဒေါ့မွန် ကစားသမား တစ်လျှောက်လုံး အနေ နဲ့ ပြောမယ် ဆိုရင်တော့ ဟာလန်း ဟာ ဘွန်ဒက်စ်လီဂါ ၂၅ ပွဲ မှာ ၂၅ ဂိုး သွင်းယူပြီး ၅ ဂိုး ဖန်တီး ပေးထား ခဲ့တာလည်း ဖြစ်ပါတယ် ။
ဒေါ့မွန် အတွက် အထူး ခြေစွမ်းပြ ကစားနေတဲ့ ဟာလန်း ကိုတော့ ရီးယဲလ် နဲ့ ဘာစီလိုနာ အပါ အဝင် ဥရောပ ထိပ်တန်း ကလပ် အသင်း ပေါင်းများစွာက စောင့်ကြည့် လျက် ရှိနေ ကြောင်း သိရ ပါတယ်။
ဟာလန်း ဟာ ဒီနှစ် ဘောလုံး ရာသီ ဒေါ့မွန် အသင်း အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ပါဝင် ကစားပေး ခဲ့ရာ မှာတော့ သွင်းဂိုး ၂၂ ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၉ ဂိုး သွင်းယူ ပေးထားပြီး အသင်းဖော် တွေကို ၃ ဂိုး ဖန်တီး ပေးနိုင် ခဲ့တာပါ။
Zawgyi Version
ေဒါ့မြန္ အသင္း ရဲ႕ လူငယ္ တိုက္စစ္မႉး ေလး ဟာလန္း ဟာ အသင္း အတြက္ ဂိုးေတြ တဒိုင္းဒိုင္း သြင္းယူ လ်က္ ရွိေန ပါတယ္။ ဒဏ္ရာ ျပႆနာ ေၾကာင့္ အနား ယူ ခဲ့ရတာ ရွိေပမယ့္ လည္း ဟာလန္း ဟာ ဒဏ္ရာ သက္သာၿပီး ပြဲထြက္ခြင့္ ျပန္ရခ်ိန္မွာ အရင္ အတိုင္း ေျခစြမ္း ျပၿပီး ဂိုးေတြ သြင္းယူ ေနဆဲ ပါပဲ။
ဒီတစ္ပတ္ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ လိုက္ဇစ္ နဲ႕ ဘြန္ဒက္စ္လီဂါ အေဝးကြင္း ပြဲစဥ္ မွာလည္း ဟာလန္း ဟာ သူ႕ရဲ႕ သြင္းဂိုးေတြ နဲ႕ အသင္းကို နိုင္ပြဲ ရေအာင္ စြမ္းေဆာင္ ေပးနိုင္ခဲ့ ပါတယ္ ။ ေဒါ့မြန္ က လိုက္ပဇစ္ ကို ၁-၃ နဲ႕ အနိုင္ရခဲ့တဲ့ ဒီ ပြဲစဥ္ မွာေတာ့ ဟာလန္း ကိုယ္တိုင္ ၂ ဂိုး သြင္းယူေပးနိုင္ ခဲ့တာပဲ ျဖစ္ပါတယ္။
ဒါဟာ ဟာလန္း အတြက္ ဒီႏွစ္ ေဘာလုံး ရာသီ ၁၂ ဂိုးေျမာက္ ဘြန္ဒက္စ္လီဂါ သြင္းဂိုး လည္း ျဖစ္လာခဲ့ ပါတယ္။ ဟာလန္း ဟာ ဒီရာသီ ေဒါ့မြန္ အတြက္ ဘြန္ဒက္စ္လီဂါ ၁၀ပြဲ သာ ကစားခဲ့ ရတာ ျဖစ္ေပ မယ့္လည္း ပြဲအေရ အတြက္ ထက္ သြင္းဂိုး က ပိုမ်ားေန ခဲ့တာပါ။
သူ႕ရဲ႕ ေဒါ့မြန္ ကစားသမား တစ္ေလွ်ာက္လုံး အေန နဲ႕ ေျပာမယ္ ဆိုရင္ေတာ့ ဟာလန္း ဟာ ဘြန္ဒက္စ္လီဂါ ၂၅ ပြဲ မွာ ၂၅ ဂိုး သြင္းယူၿပီး ၅ ဂိုး ဖန္တီး ေပးထား ခဲ့တာလည္း ျဖစ္ပါတယ္ ။၊ ေဒါ့မြန္ အတြက္ အထူး ေျခစြမ္းျပ ကစားေနတဲ့ ဟာလန္း ကိုေတာ့ ရီးယဲလ္ နဲ႕ ဘာစီလိုနာ အပါ အဝင္ ဥေရာပ ထိပ္တန္း ကလပ္ အသင္း ေပါင္းမ်ားစြာက ေစာင့္ၾကည့္ လ်က္ ရွိေန ေၾကာင္း သိရ ပါတယ္။
ဟာလန္း ဟာ ဒီႏွစ္ ေဘာလုံး ရာသီ ေဒါ့မြန္ အသင္း အတြက္ ၿပိဳင္ပြဲစုံ ၁၆ ပြဲ ပါဝင္ ကစားေပး ခဲ့ရာ မွာေတာ့ သြင္းဂိုး ၂၂ ဂိုးမွာ တိုက္ရိုက္ ပါဝင္ ပတ္သက္ေနခဲ့ပါတယ္။ ကိုယ္တိုင္ ၁၉ ဂိုး သြင္းယူ ေပးထားၿပီး အသင္းေဖာ္ ေတြကို ၃ ဂိုး ဖန္တီး ေပးနိုင္ ခဲ့တာပါ။