Spots news

အဆင့်တစ် အတွက် တက်ကုန်ရွက်ကုန် လွှင့်လာမယ့် ဆိုလ်းရှား ရဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယား လိဂ် လက်ကျန် ပွဲစဉ်ဖြစ်တဲ့ ဘန်လေ အသင်း နဲ့ ပွဲစဉ် ကို ယနေ့ ည ၂:၄၅ မှာ ယှဉ်ပြိုင် ကစားသွား မှာပဲ ဖြစ် ပါတယ်။

ထိုပွဲဟာ အမှတ်ပေး ဇယား ရဲ့ အဆင့်တစ် နေရာ အတွက် အဆုံး အဖြတ် ပေးမယ့် ပွဲစဉ် တစ်ခု ဖြစ် ပါတယ်။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် အမှတ်‌ပေး ဇယား မှာ လီဗာပူး အသင်း နဲ့ အမှတ်တူ ရပ်တည် နေပြီး ယခု တစ်ပွဲ အနိုင် ရလိုက် ရုံနဲ့ အမှတ်ပေး ဇယား ကို သုံးမှတ် ပြတ် ဖြင့် ဦးဆောင် နိုင်မှာ ဖြစ် ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီ ဟာ ပွဲပယ် ပြစ်ဒဏ် ပြည့်ခဲ့ ပြီ မို့ အသင်းလူ စာရင်း မှာ ပြန်လည် မြင် တွေ့ ရမှာ ဖြစ်ပြီး

ပေါလ်ပေါ့ဘာ ၊ လင်ဒီလော့ဖ့် နဲ့ လုရှော တို့ ကလဲ ဒဏ်ရာ မှ ပြန်လည် သက်သာ လာ ခဲ့ပြီး အဲရစ် ဘိုင်လီ ကတော့ အနားယူ ဖွယ် ရှိ နေ ပါတယ်။

နောက်ခံလူ မက်ဂွိုင်းယား ပါဝင် လာမည် လို့ နည်းပြ ဆိုလ်းရှား က ပြောကြား ထား ပေမယ့် မက်ဂွိုင်းယား တစ်ယောက် အဝါကဒ် ထိတာ နဲ့ လီဗာပူး အသင်း နဲ့ ပွဲစဉ်ကို ပွဲပယ် ခံရ မှာပါ။

ယူနိုက်တက် ရဲ့ ဂိုးပေါက် ကိုတော့ ဒေးဗစ် ဒီဂီယာ စောင့်ကြပ် ဖွယ် ‌ရှိနေ ပါတယ်။ လုရှော ကလဲ ယူနိုက်တက် ခံစစ် မှာ ပါဝင် လာမှာ ဖြစ်ပြီး ဝမ်ဘစ်ဆာကာ လဲ ပါဝင် လာမှာ ဖြစ်ပါတယ်။

ကာဗာနီ ၊ ဘရူနို ၊ ရပ်ရှ်ဖို့ နဲ့ ဖရတ် တို့ ကတော့ ယူနိုက်တက် ၁၁ ယောက် စာရင်း မှာ သေချာ ပေါက် ပွဲထွက် လာမှာပါ။

ကွင်းလယ် မှာ မာတစ် သို့မဟုတ် တော်မီနေး ပါဝင် လာမှာ ဖြစ်ပြီး တော်မီနေး ကို ဆိုလ်းရှား အနေနဲ့ အနားပေး လာနိုင် ဖွယ် ရှိပါတယ်။

တိုက်စစ် မှာလဲ ကာဗာနီ က အထောင်တိုက်စစ်မှုး အဖြစ် ပွဲထွက် လာဖွယ်ရာ ရှိပြီး မာရှယ် သို့ မဟုတ် ဂရင်းဝုဒ် တို့ အနက် ဆိုလ်းရှား တစ်ယောက် ကိုပဲ ထည့်သုံး ဖွယ် ရှိပြီး ရပ်ရှ်ဖို့ကတော့ သေချာပေါက် ပါဝင် လာမှာ ဖြစ်ပါတယ်။

လာမည့် လီဗာပူး နဲ့ ပွဲစဉ် ဟာ ယူနိုက်တက် အ တွက် အမှတ်လျော့ လာနိုင် ချေ ရှိ တာမို့ ယနေ့ ပွဲစဉ် မှာ ဆိုလ်းရှားတို့ အုပ်စု တက်ကုန် ရွက်ကုန် လွှင့်ပြီး အနိုင် ကစား မယ့် သဘော ရှိနေပါတယ်။

ထိပ်တိုက် တွေ့ဆုံမှု မှာလဲ ယူနိုက်တက်က ၅ ကြိမ် အထိ အနိုင်ရ ထားပြီး ဘန်လေ ကတစ်ကြိမ် သာ အနိုင်ရ ထားတာမို့ ဒီည မှာ ယူနိုက်တက် ဘက်က ရှိနေ သင့် ပြီး သွင်းဂိုး လဲ များပြား နိုင်ပါတယ်။