Spots news

စပါးအသင်းက ကမ်းလှမ်းလာရင် ကစားသမား ဘဝက အနားယူလိုက်မယ် – အိုဇေးလ်

Unicode Version

အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ တွစ်တာ မှာ AskMesut ဆိုတဲ့ အမေး အဖြေ အစီ အစဉ် တစ်ခုကို ပြုလုပ် ပေးခဲ့ပြီး ပရိသတ် တွေ သိချင် နေကြတဲ့ မေးခွန်း တစ်ချို့ကို ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

မေး – ငယ်စဉ် ကတည်းက ဖီနာဖာချီ ကို အားပေး ခဲ့တာ ဟုတ်ပါ သလား ?

ဖြေ – ကျွန်တော် နဲ့ မိသားစု ကရော အားပေး ကြပါတယ်။ ကျွန်တော် ကလဲ ဂျာမနီ မှာ ကြီးပြင်းလာ ပေမယ့် ဖီနာဖာချီ ကိုပဲ အားပေး ပါတယ် ။

ဂျာမနီ က ဂျာမန်-တူရကီ  ကပြား တွေက တူရကီ အသင်း တွေကို အားပေး ကြပါတယ် ၊ကျွန်တော် အားပေး တာ ကတော့ ဖီနာဖာချီ ပေါ့ဗျာ ။ ဖီနာဖာချီ က တူရကီ ရဲ့ ရီးရဲလ် မက်ဒရစ် လို့ ပြောလို့ ရပါတယ်။

မေး – အာဆင်နယ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးရင် ကစားသမားဘဝ ကို ဆက်လက် လျှောက်လှမ်း ဦးမှာလား ?

ဖြေ – ဒါပေါ့ဗျာ ၊ ကျွန်တော် အနား မယူခင် ကစားချင် တဲ့ နိုင်ငံ နှစ်နိုင်ငံ ရှိပါတယ် ၊ တူရကီ နဲ့ ယူအက်စ်အေ ပေါ့ဗျာ ။ တူရကီ ကို သွားဖြစ်မယ်ဆိုရင် ဖီနာဖာချီ အသင်း မှာပဲ ကစား မှာပါ။

မေး – ရှော်ကေး အသင်း အတွက် ကစားပေး နိုင်မလား ၊ ခင်ဗျား ရှော်ကေး မှာ ကစား နေတာ ကို သိပ် တွေ့ချင်တယ် ။

ဖြေ – အဲ့ဒီကို သွားဖို့ အတွက် ကျွန်တော့် မှာ ရွေးချယ် ထားတာ မရှိ ပါဘူး ။

ရှော်ကေး အသင်း အတွက် အကောင်းဆုံး ဆုတောင်း ပေးနေ ပါတယ်။ ရှော်ကေး အသင်း အပေါ် အမြဲ စာနာစိတ် ရှိပါတယ်။

မေး – ခင်ဗျား အာဆင်နယ် မှာ ကစားတဲ့ ကာလ အတွင်း အသင်းရဲ့ ထိပ်တန်း ကစားသမား ၁၁ ဦး ?

ဖြေ – အောစ့်ပင်နာ ၊ ဆက်ဂ်နာ ၊ ကော့စီရယ်နီ ၊ မာတီဆက်ကာ ၊ ကိုလာစီနက် ၊ ကာဇိုလာ ၊ ရမ်ဆေး ၊ နာဘရီ ၊ အိုဇေးလ် ၊ ဆန်းချက်ဇ် ၊ အူဘာမီယန်း ။

မေး – ခင်ဗျား ကို အခု အချိန်မှာ စပါး အသင်းက ကမ်းလှမ်း လာရင် ဘယ်လို လုပ်မလဲ

ဖြေ – လွယ်လိုက်တာဗျာ ၊ ကစားသမား ဘဝကပဲ အနား ယူလိုက် ပါမယ် ။

မေး – အာဆင်နယ် မှာ ကစားခဲ့ ရတာ ကျေနပ်ခဲ့လား ?

ဖြေ – ကျွန်တော် အာဆင်နယ် ကို ပြောင်းခဲ့တဲ့ အတွက် ဘယ်တော့ မှ နောင်တ မရ မိပါဘူး ။ ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီ နဲ့ မတ်လ မတိုင်ခင် ကိုဗစ်  မဖြစ်ခင်က ကစားခဲ့ ရတဲ့ နှစ်ပွဲဆို အတော်လေး ပျော်စရာ ကောင်းခဲ့ ပါတယ် ။

အာဆင်နယ် အသင်းက ကျွန်တော့် အတွက် အသင်းကောင်း တစ်သင်း ပါပဲ

မေး – အာဆင်ဝင်းဂါး ကို သတိရ သလား ။

ဖြေ – ကျွန်တော့် ကစားသမား ဘဝမှာ သူ က ထူးခြားတဲ့ နည်းပြ တစ်ဦးပါ ၊ ကျွန်တော် သူ့အပေါ် လေးစားမှု အပြည့် ရှိပါတယ် ။

သူ ကအောင်မြင်မှု တွေ အမြောက်အများ ရထား တဲ့ ထိပ်တန်း နည်းပြ ကြီးပါ ၊ သူက တကယ် တော်တဲ့ နည်းပြပါ ၊

ကျွန်တော်ရဲ့ အာဆင်နယ် ကစားသမား ဘဝ အောင်မြင်မှု တွေက သူနဲ့ ရခဲ့တာ ဖြစ်ပါတယ်

မေး – စမစ်ရို အပေါ် အမြင် ?

ဖြေ – သူက နံပါတ် ၁၀ နေရာ မှာ ကစားပြီး အသင်းကို ကောင်းကျိုး တွေ ယူဆောင် လာပေးသူပါ ။

သူ့ အတွက် ကျေနပ် ပါတယ် ၊ သူက ဒီနေ့ ဘောလုံး လောကမှာ နံပါတ် ၁၀ နေရာ က ကစားလို့ ရနိုင် သေးတယ် ဆိုတာ သက်သေပြ ခဲ့သူပါ ။