Unicode Version
မန်ချက်စတာ ယူနိုက်တက် နောက်ခံ လူဟောင်း ရီယို ဖာဒီနန် ကတော့ ယူနိုက်တက် မှ အသစ် ခေါ်ယူ ထားသော အာမက် ဒိုင်ယာလို ရဲဲ့ ခေါ်ယူ မှုကို ယူနိုက်တက် တောင်ပံ ကစား သမား ဟောင်း ခရစ်စတီယာ နို ရော်နယ်ဒို ရဲ့ ခေါ်ယူမှု နဲ့ ခိုင်းနှိုင်း သွားပြီး ကမ္ဘာ့ အ ဆင့် မီ တောင်ပံ ကစား သမား တစ်ဦး ဖြစ်လာ မည် ဟု ယုံကြည်ကြောင်း ပြောဆို ခဲ့ပါတယ်။
ယူနိုက်တက် ဟာ အတ္တလန္တာ အသင်း မှ အသက် ၁၈ နှစ် အရွယ် တောင်ပံ ကစား သမား ဒိုင်ယာလို ကို ခေါ်ယူ ရရှိ ကြောင်း ကြေငြာ ခဲ့ပေမယ့် ကစား သမား ရဲ့ အလုပ် ပါမစ် ကြောင့် ယခု ဇန်နဝါရီ အပြောင်း အရွေ့ ကာလ မှ အသင်း နဲ့ ပူး ပေါင်း နိုင်ခဲ့ သူ ဖြစ်ပါတယ်။
အသက် ၁၈ သာ ရှိသေး ပေမယ့် ပေါင် ၃၇ သန်း တန်ကြေး ရှိတဲ့ ဒိုင်ယာလို ဟာ အတ္တလန္တာ အသင်း တွင်လည်း အချိန်တို အတွင်း ခြေစွမ်း ပြလာ သူ ဖြစ်ပြီး ဖာဒီနန် က ယူနိုက်တက် ဟာ အမှန် တကယ် အလား အလာ ရှိသော လူငယ် တဦး ကို ခေါ်ယူ လိုက်ခြင်း ဖြစ် ကြောင်း ပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။
“အတ္တလန္တာ က ချာတိတ် တစ်ယောက် ကို ယူနိုက်တက် ခေါ်ယူ လိုက်တာ ဖြစ်ပြီး ဒီ ရာသီ မှာ သူဟာ အသင်း အတွက် တစ်စုံ တစ်ရာ လုပ်ပြ နိုင်မယ် လို့ မျှော်လင့် ပါတယ်။
သူ့ရဲ့ သက်ဆိုင် တဲ့ သူတွေနဲ့ စကား ပြောပြီး တဲ့နောက် မှာတော့ ယူနိုက်တက် ဟာ အလား အလာ ကောင်းတဲ့ ပါရမီရှင်ကစား သမား တဦး ကို ခေါ်ယူ လိုက်တာပါ ။
ဒိုင်ယာလို ဟာ ကမ္ဘာ့အ ဆင့် မီ ကစား သမား တဦး ဖြစ်လာ နိုင်တဲ့ သူလို့ ယုံကြည် ပါတယ်”
“ကျွန်တော် တို့ ရော်နယ်ဒို ကို ခေါ်တဲ့ အချိန် မှာ သူ့ကိုဘယ်သူ မှ သိမနေ ပါဘူး။ ယူနိုက်တက် က လူတွေ ကလည်း ဒိုင်ယာလို နဲ့ ပတ် သက် လို့ ဘယ်လို မျှော်လင့် ချက် တွေ၊ ဘယ်လို အတွေး တွေ ရှိတယ် ဆိုတာ ကျွန်တော် သိပါတယ်။
ဒိုင်ယာလို ဟာ ရော်နယ်ဒို နဲ့ ဆင် တူ တာတွေ ရှိပါတယ်။ သူ့ ရဲ့ ကစား ပုံ ဗီဒီယို တွေကို ကြည့် ရင်း ကစား တာ တွေကို မြင်ဖူး တဲ့ သူတွေ ရဲ့ အပြော ကို နားထောင် လိုက် ရင် သူဟာ ပုံမှန် အတိုင်း တိုး တက် လာမယ် ဆိုရင် ကမ္ဘာ့အ ဆင့် ရောက်လာ မှာ သေချာ ပါတယ်” ဟု ဖာဒီနန် က ပြောဆို ခဲ့ ပါတယ် ။