Spots news

ဘာပေကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ် စတေး လိုက်မယ့် ကစားသမားများ

Unicode Version

ရီးရဲလ် မက်ဒရစ် အသင်း ဟာ အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ ကို လာမယ့် နွေစျေးကွက် အတွင်းမှာ အသင်းဆီ အရ ခေါ်ယူ သွားဖို့ အတွက် စျေးကွက် အတွင်းမှာ အသင်းက ကစားသမား ၆ ယောက်ခန့် ကို ရောင်းချ သွားမှာ ဖြစ်ပါတယ်။

ထိုကစား သမား များထဲမှာ တစ်ချိန်က အသင်းရဲ့ အဓိက ကစားသမား တွေ ဖြစ်တဲ့ မာဆယ်လို ၊ ဂါရတ် ဘေး တို့ လဲ ပါဝင် နေပါတယ်။

ပီအက်စ်ဂျီ အသင်း ရဲ့ တိုက်စစ်မှူး အမ်ဘာပေကတော့ အသင်းနဲ့ စာချုပ် ဟာ ၂၀၂၂ မှာ ကုန်ဆုံး မှာဖြစ် ပါတယ်။အသင်းသို့ လီယွန်နယ် မက်ဆီ နှင့် နည်းပြ ပိုချက်တီနို ရဲ့ တပည့်ဟောင်း ဒယ်လီ အလီ တို့ ရောက်ရှိ လာနိုင်တာကြောင့် လူငယ် ကစားသမား အနေ နဲ့ စာချုပ်သစ် သက်တမ်း တိုးဖို့ ထက် အသင်းသစ် သို့ပြောင်း ရွေ့ပြီး စိန်ခေါ်မှု အသစ်တွေ ကို ရင်ဆိုင် ဖို့ အဆင်သင့် ရှိ နေပါတယ်။

ဒီ အခြေ အနေကို အသုံးချ ပြီး ရီးရဲလ် က ဘာပေ ကို ခေါ်ယူဖို့ ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ် အနေနဲ့ ဘာပေ ကို ပေါင် ၁၃၅ သန်း ခန့် ဖြင့် ကမ်းလှမ်း မှာ ဖြစ် ပြီး ထို အပြောင်း အရွေ့ စရိတ် အတွက် အသင်း မှ ကစား သမား တွေ ကို ရောင်းထုတ် ဖို့ ကြံရွယ် လာတာပါ။

ရီးရဲလ် အသင်းဘက် ကနေ ရောင်းချ သွားမယ့် ကစားသမား တွေထဲမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံး နေတဲ့ နောက်ခံလူ မာဆယ်လို၊ အာဆင်နယ် နဲ့ အပြောင်း အရွေ့ ထွက်ပေါ် နေတဲ့ ကွင်းလယ်လူ အစ္စကို ၊ တိုက်စစ်မှူး လူကာဂျိုဗစ်နဲ့ စပါး အသင်း ကို အငှားချ ထားခဲ့တဲ့ ဂါရတ်ဘေးလ် ၊ ဒန်နီစီဘယ်ယို့စ် ၊ ဘရာဟင်ဒီယက်ဇ်တို့ ပါဝင် နေတယ်လို့ သိရ ပါတယ်။

လက်ရှိ အချိန်မှာ ရီးရဲလ် မက်ဒရစ် ဟာ အိမ်ကွင်း ဘာနေဗျူး ကို ပြင်ဆင် နေတာ ဖြစ်လို့ အသုံး စရိတ် ချွေတာ နေရတဲ့ အပြင် ကိုဗစ်ကြောင့် အသင်း ရဲ့ဘဏ္ဍာရေး ထိခိုက် နေရတဲ့အတွက် ဘာပေ ကို ခေါ်ယူဖို့ နောက်တစ်နှစ် ကို ရွေ့ဆိုင်း လိုက်ရတာ ဖြစ် ပါတယ်။

ရီးရဲလ် မက်ဒရစ် ဟာ ဘာပေ ၊ ဆာလတ် ၊ ဆွန်ယောင်မင် ၊ ဟာလန်း စတဲ့ ထိပ်တန်း ကစားသမား တွေကို ပစ်မှတ် ထားနေပြီး ဂိုးသွင်း ခြေ ပျောက်ဆုံး နေတဲ့ ဘင်ဇီမာ ရဲ့ နေရာ မှာ အစားထိုး ဖို့ ကြံ ရွယ်လာတာ ဖြစ် ပါတယ်။