Spots news

အသင်းပြောင်းတော့မည့် ဖိုဆူမန်အက်ရှ် နဲ့ နောက်ဆုံးရ သတင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲသွား တော့မယ့် နောက်ခံ ကစားသမား ဖိုဆူမန်ဆက်ရှ်ကို လေဗာကူဆင် အသင်းနဲ့ အေဂျက်စ်အသင်းတို့ ကနေ ခေါ်ယူသွား ချင်နေကြ ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ လေဗာကူဆင်ကိုပဲ ရွေးချယ် သွားချင် နေသလို လေဗာကူဆင်အသင်း ကလည်း မန်ဆက်ရှ်ကို ရယူနိုင်ဖို့အတွက် အခြေအနေ အကောင်းဆုံး ဖြစ်လို့နေပါတယ်။

လက်စတာ အသင်းမှာ နေရာ ပျောက်ဆုံး လျက်ရှိ နေတဲ့ အယ်ဂျီးရီးယား တိုက်စစ်ကစားသမား အစ္စလာမ် ဆလီမန်နီ ဟာ လိုင်ယွန် အသင်းဆီကို ပြောင်းရွှေ ကစားဖို့ အတွက် အဆင့်သင့်ဖြစ်နေပြီး အသက်လက်တီကို မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့ သွားတော့မယ့် မူဆာဒမ်ဘီလီ ရဲ့နေရာ အတွက် အစားထိုး ဝင်ရောက် တော့မှာဖြစ် ပါတယ်။

ဂျုဗင်တပ်စ် အသင်းရဲ့ တိုက်စစ် ကစားသမား ပေါ်လို ဒီဘားလား ဟာ ဆာဆူအိုလို အသင်း နဲ့ပွဲစဉ်မှာ ရရှိသွား ခဲ့တဲ့ ဒူးဒဏ်ရာ ပြသာနာ ကြောင့် ရက်ပေါင်း(၂၀) ခန့်အထိ ကို အနားယူရ တော့မှာဖြစ်ကြောင်း သိရှိ ရပါတယ်။ ဒီဒဏ်ရာ ကြောင့် ဒီဘားလား ဟာ လာမယ့်(၁၈)ရက် နေ့ အင်တာမီလန် အသင်း နဲ့ ရင်ဆိုင်ရမယ့် အရေးပါ လှတဲ့ စီးရီးအေ ပွဲစဉ်ကို သေချာပေါက် လွဲချော်ရ တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ရဲ့ ဂျာမနီ ကွင်းလယ်ဖန်တီးရှင် ကစားသမား အိုဇေး ကတော့ သူအနေနဲ့  သွားရောက် ကစားချင် တဲ့ နိုင်ငံနှစ်ခုရှိပြီး ဒီနိုင်ငံတွေ က တူရကီနဲ့ အမေရိကန် ဖြစ်ကြောင်း တကယ် လို့သာ တူရကီမှာ သွားရောက် ကစားရမယ် ဆိုရင်လည်း တူရကီ ထိပ်သီးကလပ် ဖီနာဘာချီ အသင်း တစ်သင်း ဆီကိုပဲ သွားရောက်ချင် ကြောင်း ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

Zawgyi Version


လက်စတာအသင်းမှာ နေရာပျောက်ဆုံးလျက်ရှိနေတဲ့ အယ်ဂျီးရီးယားတိုက်စစ်ကစားသမား အစ္စလာမ်ဆလီမန်နီဟာ လိုင်ယွန်အသင်းဆီကို ပြောင်းရွှေကစားဖို့အတွက် အဆင့်သင့်ဖြစ်လို့နေပြီး အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မယ့် မူဆာဒမ်ဘီလီရဲ့နေရာအတွက် အစားထိုးဝင်ရောက်တော့မှာဖြစ်ပါတယ်။

