Spots news

လီဗာပူးကို သုံးမှတ်ဖြတ်ပြီး အဆင့်တစ်နေရာကို ရယူလိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ကျန် ပွဲစဉ် ဖြစ်တဲ့ ဘန်လေ ကို အသင်း ရဲ့ ကွင်းလယ် လူ ပေါလ် ပေါ့ဘာ ရဲ့ တစ်လုံးတည်း သော သွင်းဂိုး ဖြင့် အနိုင် ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ နေရာ ယူနိုင် ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ယူနိုက်တက် တို့ ထောင့်ကန်ဘော ကနေ တိုက်စစ် ဆင်ရင်း လုရှော ရဲ့ ဖြတ်တင်ဘော ကို အသင်း ခေါင်းဆောင် မက်ဂွိုင်းယား က ခေါင်း တိုက်ပြီး ဂိုးသွင်း ယူ နိုင်ခဲ့ ပေမယ့် ဘန်လေ နောက်ခံလူ ပီတာစ် ကို ပြစ်ဒဏ်ကျူး လွန် တယ် ဆိုပြီး VAR နဲ့ ပယ်ဖျက် ခံခဲ့ရ လို့ ယူနိုက်တက် တို့ နစ်နာခဲ့ ရပါတယ်။

ပထမ ပိုင်းဟာ VAR  နဲ့ ကွင်းလယ် ဒိုင် ရဲ့ ဆုံးဖြတ် ချက် တွေကြောင့် ဂိုးမရှိ သရေ ဖြစ်ခဲ့ပေ မယ့် ဒုတိယပိုင်း မှာ တော့ ပွဲက ပိုမြိုင် လာခဲ့ပြီး တစ်သင်း နဲ့ တစ်သင်း ဂိုးတွေ ရရှိဖို့ အသည်း အသန် ကြိုးစား လာခဲ့ ပါတယ်။

ယူနိုက်တက် ကတော့ ဒီပွဲကို သရေ သို့မဟုတ် အနိုင် ရရုံနဲ့ အမှတ်ပေး ဇယား အဆင့် တစ် နေရာ ကို တက်လှမ်း နိုင်မှာ ဖြစ်တာကြောင့် အသည်း အသန် ကြိုးစားပြီး ဂိုး ရရှိဖို့ ကြိုးစား ခဲ့ ပါတယ်။

ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ဟာ ဒီပွဲမှာ ပြောစရာ ဖြစ် နေ ခဲ့ပြီး အပိုင် အခွင့် အရေး တွေကို ဖြုန်းတီး ခဲ့ကြ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တို့ဟာ တစ်ချိန် လုံး ဖိ ကစား ခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ကျော် မှာတော့ ညာခြမ်း ကနေ ရပ်ရှ်ဖို့ ရဲ့ ပေးပို့မှု ကို ပေါ့ဘာ က မြေမကျ ကန်ချက် နဲ့ လှလှ ပပ ကန်သွင်းယူ ကာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ရယူ ပေးခဲ့ ပါတယ်။

ဘန်လေ ကလည်း ဒဏ်ရာ က ပြန်သက် သာလာတဲ့ အဓိက ကစားသမား တွေဖြစ်တဲ့ မက်နေး၊ ဂျေးရို ဒရီဂွက် ၊ ဗီဒရာ တို့ကို ထည့်ပြီး တိုက်စစ်မြှင့်တင် ခဲ့ပေမယ့် ဘိုင်လီ နဲ့ မက်ဂွိုင်းယား တို့ရဲ့ခံစစ် အတွဲက အကောင်း ဆုံး ပုံစံ မှာ ရှိနေခဲ့ ပါတယ်။

လေးဝါ ထိပြီး ဖြစ်တဲ့ မက်ဂွိုင်းယား လည်း ဒီပွဲမှာ နောက် တစ်ဝါ မထိ ခဲ့လို့ လီဗာပူးနဲ့ အရေး ကြီး ပွဲစဉ် ကို ပါဝင် ကစား နိုင်မှာ ဖြစ်ပါတယ်။

ပွဲပြီး ဆုံးချိန် မှာတော့ ယူနိုက်တက် တို့ မရောက်တာ ကြာပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့်တစ် နေရာ ကိုတော့ ပေါ့ဘာရဲ့ သွင်းဂိုးနဲ့ တက်လှမ်း သွားခဲ့ ပြီး လီဗာပူးကို သုံးမှတ်ဖြတ် နိုင်ခဲ့ပါတယ်။

ထို့ကြောင့် တနဂ်နွေ နေ့မှာ ယှဉ် ပြိုင်မည့် လီဗာပူး နဲ့ ယူနိုက်တက် ပွဲစဉ်တို့ဟာ အထူးပင် ကြည့်ကောင်းမှာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့်တစ်‌ နေရာ ကို အပြိုင် လု ကြမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။