Spots news

ရာမိုစ့်ကို ၂ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းမယ့် မန်ယူနဲ့ အပြောင်းအရွေ့ သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရီးရဲလ် မက်ဒရစ် နောက်ခံလူ ဆာဂျီယို ရာမိုစ့် ကို  ၂ နှစ် စာချုပ် ဖြင့် ခေါ်ယူရန် ပြင်ဆင်နေ ကြောင်း သိရပါတယ်။

စပိန် နောက်ခံလူ ကို မက်ဒရစ် မှ စာချုပ်သက်တန်း တိုး ရန် ကမ်းလှမ်းမှု မရှိသေး ဘူးလို့ သတင်းများ အရသိရ ပါတယ်။ နွေရာသီ ထိ တိုးတက်မှု မရှိ သေးပါ က ရာမိုစ့် ဟာ အသင်းမှ ထွက်ခွာ မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ လုပ်ဆောင် မှာပါ။

အာဆင်နယ် နောက်ခံလူ ဟိုးဒင်း ဟာ အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တန်း တိုးမြှင့် လိုက်ပြီ ဖြစ်ပါတယ်။

တိုးမြှင့် လိုက်တဲ့ စာချုပ်အရ ၂၀၂၄ အထိ ဟိုးဒင်းဟာ အာဆင်နယ်မှာ ရှိနေမှာ  ဖြစ်ပြီး နောက်ထပ် သက်တန်း တစ်နှစ် ထပ် တိုးခွင့် ပါဝင် ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ အသင်းနဲ့ အတူ စာချုပ် သက်တန်း တိုးမြှင့်ဖို့ သဘောတူညီမှူ ရရှိ ရန် နီးစပ် နေပြီ ဖြစ်ကြောင်း သိရပါတယ်။

နေမာ ဟာ အသင်းဟောင်း ဘာစီလိုနာ ကို ပြန်လည် ရောက်ရှိ ဖို့ ကမ်းလှမ်းမှူ များ ရှိခဲ့ပေမယ့် ၂၀၂၂ ကျော်သည့် တိုင်အောင် ပီအက်စ်ဂျီမှာပဲ ဆက်ရှိ နေမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ကွင်းလယ်လူ ဘာကလေ ကို ဈေးပေါပေါ ဖြင့် ရောင်းချမည် မဟုတ်ကြောင်း အပြီးသတ် ခေါ်ယူရန် စိတ်ဝင်စား နေတဲ့ အက်စတွန်ဗီလာ အသင်းကို သတိပေ းလိုက် ပါတယ်။

ချဲလ်စီး ဟာ ဘာကလေ ကို အက်စတွန် ဗီလာ အသင်း ထံသို့ အငှားချ ထားတာ ဖြစ်ပြီး ယခု အငှားစာချုပ် သက်တမ်း ကုန်ဆုံး သွားပါက ဘာကလေ အတွက် အငှား ခေါ်ယူမှု တန်ကြေးကို ဈေးမြှင့် သွားမှာ ဖြစ်ပါတယ်။

ဘိုင်ယန် မြူးနစ် အသင်းဟာ လိုက်ဇစ် နောက်ခံလူ အူပါ မီကာနိုကို ခေါ်ယူရန် ကမ်းလှမ်း မည်ဖြစ် ကြောင်း သိရပါတယ်။

သတင်း များရဲ့ အဆိုအရ ချဲလ်ဆီး အသင်းဟာ အူပါ မီကာနို ကို ခေါ်ယူ ရရှိရန် ရာခိုင်နှုန်း နည်းပါး လျက်ရှိ ‌နေပြီး လူငယ်နောက်ခံလူကို ရရှိ ရန် ဘိုင်ယန်က တစ်ပြေး နေတယ် လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ အူပါ မီကာနို ရဲ့ တန်ကြေးဟာ ယူရို သန်း ၄၀ ခန့် ရှိနေပြီး သူ့ရဲ့ လိုက်ဇစ်အသင်းနဲ့  စာချုပ် ဟာ ၂၀၂၃ ခုနှစ် အထိ ကျန်ရှိနေပါ သေးတယ်။

ဗလင်စီယာ အသင်း ဟာ စပါး ကွင်းလယ်လူ ဟယ်ရီဝင့် အတွက် ဒုတိယ အကြိမ် ကမ်းလှန်းမှု ကို ပြုလုပ် လိုက်ကြောင်း သိရ ပါတယ်။

လာလီဂါ အသင်း အနေနဲ့ အင်္ဂလန် ကွင်းလယ်လူကို လက်ကျန် ရာသီဝက် အတွက် အငှား ခေါ်ယူ လိုနေတာ ဖြစ်ပြီး  ပထမအကြိမ် ကမ်းလှမ်းမှု မှာ စပါး အသင်းက ပယ်ချသွားခဲ့ ပါတယ်။

ဘာစီလိုနာ ဥက္ကဌလောင်း တစ်ဦး ဖြစ်တဲ့ ဂျိုအန်း လာပေါ်တာ အနေနဲ့ လီယွန်နယ် မက်ဆီ ကို နူးကမ့် မှာ ဆက်လက် ရှိနေအောင် စည်းရုံး နိုင်လိမ့်မယ် လို့ ယုံကြည် နေပြီး လက်ရှိ မှာ ခြေစွမ်းပြ နေတဲ့ လူငယ် ကွင်းလယ်လူ ပက်ဒရီ နဲ့ အတူ အတွဲညီ နေတဲ့ အသင်း ဂန္ထဝင် ကို မန်စီးတီး ဆီ မရောက်ဖို့ ထိန်းသိမ်း ဖွယ်ရှိ နေပါတယ်။