Unicode Version
မန်ချက်စတာ ယူနိုက်တက် ဟာ လက်ကျန် ပွဲစဉ် ဖြစ်တဲ့ ဘန်လေ ကို အသင်း ရဲ့ ကွင်းလယ် လူ ပေါလ် ပေါ့ဘာ ရဲ့ တစ်လုံး တည်း သော သွင်းဂိုး ဖြင့် အနိုင် ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံး မှာ နေရာ ယူနိုင် ခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် အနိုင်ဂိုး ကို ရပ်ရှ်ဖို့ ရဲ့ ပေးပို့မှူ ကနေ ပေါ့လ် ပေါ့ဘာက မြေမကျ ဘော သွင်းယူ ပြီး ယူနိုက်တက် ကို ဇယားထိပ်မှာ ၃ မှတ် အသာ နဲ့ ဦးဆောင် နေစေ ခဲ့ ပါတယ်။
ပေါလ် ပေါ့ဘာ အထူး ခြေစွမ်းပြ ခဲ့ပြီး ဘရူနို အနည်းငယ် ရုန်းကန် ခဲ့ရ တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား တွေ ရဲ့ Rating များကို ဖော်ပြ ပေးလိုက် ပါတယ်။
ဒီဂီယာ – 6
ဂိုးပေါက် ခြိမ်းခြောက် နိုင်မှု မရှိတဲ့ ဘန်လေ တိုက်စစ် ကြောင့် ဒီဂီယာ အတွက် သက်သာ ခဲ့တဲ့ ညတစ်ည ဖြစ်ပြီး ကာကွယ်မှု ခက်ခက် ခဲခဲ မလုပ်ခဲ့ ရပါဘူး။
ဘစ်ဆာကာ – 6
လူကပ် ထိန်းချုပ် ရခြင်းမရှိ သလို ပြိုင်ဘက်ကောင်း လဲ မတွေ့ ခဲ့ တဲ့ အတွက် ဘစ်ဆာကာ ဒီနေ့ညမှာ Hero မဖြစ် ခဲ့ပါဘူး။ တိုက်စစ် လိုက်ပါ ပုံ မှာတော့ အရင် ယူနိုက်တက် ခံစစ်သမားတွေကို လုံးဝ မမှီသေး ပါဘူး။
အဲရစ်ဘိုင်လီ – 8
ဒဏ်ရာ ပြသနာ ကြောင့် မပါဝင် နိုင်ဘူးလို့ သတင်းထွက် ခဲ့ပေမယ့် ဘိုင်လီ ပါဝင် လာခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြ သွားပါတယ် ။
ဒဏ်ရာ မှ ပြန်လည် သက်သာ လာတဲ့ ဘိုင်လီဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အထူး ခြေစွမ်း ပြခဲ့ပါတယ်။
နောက်ခံ လူ ရှာဖွေ နေတဲ့ ယူနိုက်တက် ကို အပူအပင် လျော့ပါး စေတဲ့ သူပါ။ ဒီဂီယာရဲ့ ရှေ့ မှာ အကြိမ်ကြိမ် အနာခံပြီး ကာကွယ် ပေး ခဲ့ပါတယ်။
ဟယ်ရီ မက်ဂွိုင်းယား – 8
ဘန်လေ တိုက်စစ် ကို တားဆီး နိုင်ခဲ့သလို ကိုယ်တိုင် လည်း တိုက်စစ် အထိ လိုက်ပြီး ကစားနိုင် ခဲ့ ပါတယ် ။
လုရှောရဲ့ ဖြတ်တင် မှုကို ခေါင်းတိုက် ဂိုးသွင်း ခဲ့ပေမယ့် ဒိုင်လူကြီး က ပယ်ဖျက် ခဲ့တာ ကတော့ စိတ်မကောင်း စရာပါပဲ ။ ခံစစ် မှာတော့ တည်တည် ငြိမ်ငြိမ် ရှိခဲ့ ပါတယ် ။
လုရှော – 6
ဘစ်ဆာကာ ထက် တိုက်စစ် လိုက်ပါမှု များခဲ့ ပေမယ့် ထိရောက်မှု မရှိ ပုံချင်း ကတော့ တူညီ ခဲ့ ပါတယ် ။
မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဘောသာ ဂိုး ရရှိ ခဲ့ရင် ဖန်တီးမှု ရရှိဦး မှာပါ ။အဝါကတ် ပြခံ ခဲ့ရတာကြောင့် ၆ မှတ်ပဲ ရခဲ့ တာပါ ။
ပေါ့ဘာ – 8
လက်လွတ် လို့ မရဘူးဆိုတာ ယူနိုက်တက် ကို သက်သေ ပြ သွားခဲ့ တာပါ။ ပွဲချိန် တော်တော် များများ သူ့ရဲ့ လွှမ်းမိုးမှု အောက် မှာပဲ ရှိနေ ပြီး မနေ့ညက ပွဲမှာ ဘရူနို ထက် ပိုပြိး တောက်ပ ခဲ့ပါတယ်။ အဖိုးတန် အနိုင်ဂိုး သွင်းပေး သွားသူပါ။
မာတစ် – 7
အသက်ကြီး ပေမယ့် မပျက်စီး သေးတဲ့ မာတစ် ဟာ ဘန်လေ ရဲ့ ဘောလုံး လမ်းကြောင်း တွေကို ဖြတ်တောက် ပေးခဲ့သလို ဘောလုံး ကိုင် ကစားရာ မှာလည်း အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ခဲ့ ပါတယ် ။
ဘရူနို ဖာနန်ဒက်စ် – 5
အသင်းဖော် ပေါ့ဘာရဲ့ တောက်ပမှု မှာ ဘရုနို တစ်ယောက် ခြေစွမ်း မပြသ နိုင်ခဲ့ပါဘူး။
ရပ်ရှ်ဖိုဒ့် ကို ကူဖို့ ညာ ခြမ်းမှာ ကစားခဲ့ရတာ ကြောင့် လည်း ဖြစ်နိုင်မယ် ထင်ပါတယ်။
မားကပ် ရပ်ရှ်ဖိုဒ့် – 6
ညာခြမ်း ကို ပြောင်း ကစားရ ကတည်းက ရပ်ရှ်ဖိုဒ့် ရဲ့ အမှတ်တွေ ကျနေ ခဲ့တာပါ ။ ဒါဟာ အသင်း အတွက် အားကိုးလို့ ရတဲ့ ကစား သမား တစ်ယောက် အတွက် ရေရှည်မှာ မကောင်း လှ ပါဘူး ။
ညာ တောင်ပံ တစ်ယောက် ထပ် မဝယ်ဘဲ ရပ်ရှ် ဖိုဒ့် ကို ဆက်သုံး နေရင်တော့ မြွေပါလည်း ဆုံး သားလည်းဆုံး အဖြစ်ကို ရောက်သွား နိုင် ပါတယ် ။
အန်တိုနီ မာရှယ် – 7
အပိုင်အခွင့် အရေး ကိုသာ အသုံးချ နိုင်ခဲ့မယ် ဆိုရင် မာရှယ် က ပေါ့ဘာ လိုပဲ ယူနိုက်တက် ရဲ့ သူရဲကောင်း ဖြစ်လာ မှာပါ ။ ဒါပေမယ့် ပြင်သစ်သား ရဲ့ အဆုံးသတ် စွမ်းရည်က တိုးတက် မလာ သေး ပါဘူး ။
ကာယပိုင်း အားကောင်း မှု နဲ့ ဘန်လေ ခံစစ်ကို အလုပ်ပေး နိုင်ခဲ့ပြီး ပထမပိုင်း ပြီး ခါနီး က နစ်ပုပ် ကာကွယ် သွားတဲ့ ကန်ချက် ကလည်း တကယ် ကောင်းမွန် ခဲ့ ပါတယ် ။
အီဒီဆင် ကာဗာနီ – 7
တိုက်စစ်မှူး တစ်ယောက် ရဲ့ တာဝန်ဟာ ဂိုးသွင်းဖို့ ပါ ။ ကာဗာနီ ကတော့ ကိုယ်တိုင် ဂိုးမသွင်း နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားမှု ၊ နေရာစုံ လိုက် ကစားပေး မှု နဲ့ ကောင်းမွန်တဲ့ အရွေ့တွေ က ယူနိုက်တက် အသင်း ဖော်တွေ ကို အထောက် အကူ ဖြစ်စေ ခဲ့ ပါတယ် ။