Spots news

အကြွေး တစ်ဘီလျံ ခန့် တင်နေ၍ လစာရွေ့ဆိုင်းထားရတဲ့ ဘာစီလိုနာ

Unicode Version

ကတ်တလန် ဒေသ ထုတ် သတင်းစာ ရဲ့ ရေးသား ဖော်ပြ ချက် အရ ဘာစီလို နာ အသင်း ဟာ အကြွေး နွံ နစ် နေပြီး မကြာမှီ ပေးချေ ရတော့ မည့် ငွေကြေး ပင် ပေါင် ၁ ဘီလျံ နီး ပါး ရှိနေ ပြီ ဖြစ်ကြောင်း ဖော်ပြ ထား ပါတယ်။

၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ က လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ဟာ တစ်နှစ် အ တွင်း ပေါင် ၁ ဘီလျံ ခန့် ဝင်ငွေ ရရှိ သည့် ကလပ် အဖြစ် မှတ်တမ်း တင်နိုင် ခဲ့သော် လည်း ကို ရို နာ ဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် ငွေကြေး အကျပ် အတည်း နှင့် ရင်ဆိုင် ခဲ့ရ ပါတယ် ။

ဘာစီ လိုနာ အသင်း ဟာ ဝင်‌ငွေ ရဲ့ ၇၀ ရာ ခိုင် နှုန်း ကို ကစား သမား အပြောင်း အရွှေ့ နှင့် လုပ် ခလစာ အတွက် အသုံး ပြုရန် ခွဲတမ်း ချ ထားလေ့ ရှိပြီး ကမ္ဘာပေါ် ရှိ ဘယ် ကလပ် အသင်း မှ ထို ကဲ့သို့ ဘောလုံး သမား ခေါ် ယူ ရေး နှင့် လစာ အတွက် အသုံးချ ခြင်း မရှိ ကြောင်း ရေးသား ဖော်ပြ ထား ပါတယ် ။

ဘာစီလိုနာ ဟာ ပြီးခဲ့ တဲ့ ဘောလုံး ရာသီ က စုစု ပေါင်း အသားတင် အရှုံး ပေါင် ၇၃.၅ သန်း ရှိခဲ့ ပြီး လက်ရှိ ဘောလုံး ရာသီ တွင် လည်း မနှစ် ကထက် ပို၍ အရှုံး ပေါ်မည် ဟု ခန့်မှန်း ထား ကြ ပါတယ် ။

ဘာစီလိုနာ ဟာ မူလ က ယူရို သန်း ၅၀၀ ပေး ချေရန် ရှိခဲ့ ပေ မယ့် ယခု အခါ ယူရို သန်း ၄၀၀ ထပ်မံ အကြွေး တင်ရှိ နေပြီ ဖြစ်ပါတယ် ။

လာမည့် ရွေးကောက်ပွဲ မှာ အရွေး ချယ် ခံရ သည့် ဥက္ကဌ ဟာ အဆို ပါ အ ကြွေး ကိစ္စများ ကို ရင် ဆိုင် ဖြေရှင်း ရမှာ ဖြစ်ပြီး ယူရို သန်း ၄၂၀ ကို တနှစ် အတွင်း ပေး ချေ ရမှာ ဖြစ်ပါ တယ် ။

ဘာစီ လိုနာ ဟာ ချေးငွေ များကို ပြန်ဆပ် ရန် ငွေကြေး သုံးစွဲ မှု အစီ အစဉ် ကို ပြန်လည် ရေး ဆွဲ ရမည် ဖြစ်ပြီး ကစား သမား များ အား လစာ ရွှေ့ဆိုင်း ရေး ညှိနှိုင်း ရာ စုစု ပေါင်း ပေး ချေရန် ရှိ သော လစာ ယူရို ၃၅၅ သန်း အနက် မှ ယူရို သန်း ၁၇၀ ကို ရွှေ့ဆိုင်း ရန် သဘော တူညီ မှု ရရှိ ခဲ့ ပါတယ် ။