Spots news

အသင်း မပြောင်းပဲ ပုံမှန်ပွဲထွက် ခွင့် အတွက် တိုက်ပွဲဝင်မည် – ဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် လူ ဗန်ဒီဘိခ် ဟာ ယူနိုက်တက် သို့ ပြောင်း ရွှေ့ လာ ပြီး နောက် အသင်း မှာ ပုံမှန် ပွဲထွက် ခွင့် မ ရရှိ မှု အပေါ် ဝေဖန် မှု များ ရှိနေ ပြီး အသင်း ပြောင်း ဖွယ် ရှိကြောင်း ထင် ကြေး ပေးမှု များလည်း ထွက် ပေါ်နေ ပါတယ် ။

စီးရီးအေ ကလပ် အင်တာ မီလန် အပါ အဝင် အချို့ ကလပ် အသင်း ကြီး များမှ လည်း ဗန်ဒီဘိခ် ကို ခေါ်ယူချင် ကြောင်း သတင်း အချို့ ထွက်ပေါ် ခဲ့ ပါတယ်။

သို့ ပေ မယ့် အင်္ဂလန် ထုတ် သတင်းစာ တစ်စောင် က နယ်သာလန် လက်ရွေး စင် ကစား သမား ဗန်ဒီဘိခ် အနေ နဲ့ အိုးထရက် ဖို့ဒ် မှ ထွက်ခွာ ရန် အစီ အစဉ် မရှိ ကြောင်း ၊

ယူနိုက်တက် ဟာ ပွဲစဉ် များစွာ ကစားရန် ရှိသေး သဖြင့် ဗန်ဒီဘိခ် အနေ နဲ့ ပွဲ ကစား ခွင့် ရရှိ လာမည် ဖြစ်ကြောင်း ရေးသား ဖော်ပြ ထား ပါတယ်။

လက်ရှိ အချိန် တွင် မန်ယူ အသင်း ကွင်းလယ် ၌ ဖာနန်ဒက်စ် နှင့် ပေါ့ဂ်ဘာ တို့ သည် ဗန်ဒီဘိခ် ထက် ပို၍ ဦးစား ပေး အသုံး ပြု ခံနေ သော ကြောင့် ဗန်ဒီဘိခ် အနေနဲ့ နိုင်ငံ အသင်း ၌ နေရာ ရရှိရေး ကို စိုးရိမ် နေ တာပါ ။

ဗန်ဒီဘိခ် သည် လက်ရှိ အခြေ အနေ တွင် ကပ် ရောဂါ ကြောင့်  အပြင် မ သွားရ သ ဖြင့် ပျင်းရိ မှု ရှိသော် လည်း ယူနိုက်တက် ကို စွန့် ခွာ မည့် အစီ အစဉ် မ ရှိကြောင်း သတင်း များ က ဆိုပါ တယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ၊ အက်ဖ်အေ ဖလား နှင့် ယူရို ပါလိဂ် တို့တွင် ပါဝင် နေဆဲ ဖြစ် ပြီး ပွဲ များစွာ ကစား ရန် ကျန် ရှိ နေ သေး တဲ့ အတွက်

ယူနိုက်တက် ရဲ့ ကွင်း လယ် တနေရာ အတွက် ဗန်ဒီဘိခ် က ဆက် လက် တိုက်ပွဲ ဝင် မည် ဖြစ်
ကြောင်း ရေး သား ထား ပါတယ် ။