Spots news

မက်ဆီရဲ့ နိုင်ငံအသင်းဖော် အဂွဲရိုး ကိုခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ဘာစီလိုနာ

Unicode Version

မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်တဲ့ အဂွဲရိုး ဟာ မန်စီးတီး အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်ပြီး မန်စီးတီး အသင်း က စာချုပ် သက်တမ်း တိုးတော့ မှာ မဟုတ် တဲ့ အဂွဲရိုး ကို ဥရောပ ထိပ်သီး ပီအက်စ်ဂျီ နဲ့ ဘာစီ လိုနာ တို့ မှ ခေါ်ယူရန် စောင့် ကြည့် နေ ပါတယ်။

အဂွဲရိုး နဲ့ မန်စီးတီး အသင်း ကြား မှာ ချုပ်ဆို ထားတဲ့ စာချုပ် သက်တမ်း က လက်ရှိ အချိန် မှာ ( ၆ ) လခန့် သာ ကျန်ရှိ နေ တော့တာ ဖြစ် သလို ဒီ ရာသီမှာ ဆိုရင် လည်း ဒဏ်ရာ ပြသာနာ တွေ ရဲ့ နှောင့်ယှက် မှု တွေ ကြောင့် အသင်း အတွက် ပွဲ အနည်းငယ် သာ ကစား နိုင်ခဲ့ ရပြီး သွင်းဂိုး တွေလည်း ကျဆင်း သွားခဲ့ ရ ပါတယ် ။

အသင်း နဲ့ ၉ နှစ် နီး ပါး ကစား လာခဲ့ ပြီး အသင်း သမိုင်း တလျှောက် ပထမ ဆုံး ပရီးမီးယား လိဂ် ဆု ဖလား ရယူ ပေးနိုင် ခဲ့တဲ့ အဂွဲရိုး ကို စာချုပ် သစ် ကမ်းလှမ်း မှု မပြုလုပ် ပဲ တိုက် စစ် အင်အား မြှင့် တင် ဖို့ လုပ် ဆောင် နေတာ ကြောင့် အဂွဲရိုး အနေ နဲ့ အသင်း သစ် ရှာဖွေ ရတော့မှာ ဖြစ်ပါတယ်။

စာချုပ် သက်တမ်း က လပိုင်း သာ ကျန်ရှိ တော့တာ ဖြစ်တဲ့ အတွက် ပရီးမီးယားလိဂ် က ကလပ် အသင်း တွေမှ လွဲပြီး ကျန်တဲ့ အမှတ်ပေး လိဂ် တွေ က ကလပ် အသင်း တွေနဲ့ အပြောင်း အရွှေ့ ကိစ္စတွေ ကို လွတ်လွတ် လပ်လပ် ဆွေးနွေး နိုင်မှာ ဖြစ် သလို အကြို သဘော တူညီ မှုတွေပါ ရယူ နိုင်မှာ ဖြစ်ပါတယ်။

လတ်တလော မှာ ဘာစီလိုနာ အသင်း ဟာ အဂွဲရိုး ကို ခေါ်ယူရန် စိတ် ဝင်စား နေကြောင်း သတင်း များ ထွက်ပေါ် လာပြီး အဂွဲရိုး အနေ နဲ့ နိုင်ငံ အသင်းဖော် မက်ဆီ ရှိတဲ့ ဘာစီလိုနာ ကို ပြောင်းရွေ့ မလား စိတ် ဝင်စား စရာ ဖြစ်ပါတယ် ။

ပီအက်စ်ဂျီ တို့ ဟာ လည်း မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်း ရွေ့ သွား ခဲ့တဲ့ ကာဗာနီ ရဲ့ နေရာ ကို ‌အစား ထိုး ဖို့ ကြံရွယ် နေတာ ဖြစ်ပြီး နည်းပြ ပိုချက်တီ နို နဲ့ အဂွဲရိုး တို့ ဟာလဲ တနိုင်ငံ တည်း သား တွေ ဖြစ် ကြပြီး ပီအက်စ်ဂျီ ရဲ့ အဂွဲရိုး ကို ခေါ် ယူ ရန် ကြိုးပမ်း မှူ ဟာ ဘာစီလိုနာထက် တစ်လှမ်း သာ နေကြောင်း သတင်း များ က ဆို ပါတယ် ။