Spots news

ဘာပေကို ရောင်းချပြီး မက်ဆီ နဲ့ အဂွဲရိုး ကိုခေါ်မည့် ပီအက်စ်ဂျီ ရဲ့ အစီအစဉ်

Unicode Version

ပီအက်စ်ဂျီ အသင်း မန်နေဂျာ ပိုချက်တီနို ဟာ အမ်ဘာပေ ကို လာမည့် နွေ ရာသီ တွင် အသင်းမှ ထွက်ခွာ ရန် ခွင့်ပြု သွားဖွယ် ရှိကြောင်း အင်္ဂလန် ထုတ် သတင်းစာ တစ်စောင်က ရေးသား ဖော်ပြ ထား ပါတယ် ။

ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ နှင့် အဂွဲရိုး နှစ်ဦး စလုံး ကို ခေါ်ယူရန် ကြိုးစား နေပြီး ထိုနှစ်ယောက် အတွက် ဘာပေကို ရောင်းချ ဖွယ် ရှိနေပါတယ်။

ပိုချက်တီနို အနေ နဲ့ နွေ ရာသီ တွင် ငွေအမြောက် အမြား အသုံး ပြုပြီး  ကစား သမား အင်အား ဖြည့်တင်း သွားဖွယ် ရှိ နေပြီး အသင်းရဲ့ ချန်ပီယံ လိဂ် ဖလား မျှော်လင့်ချက် အတွက် ပိုချက် ဟာ မန်ယူ အသင်း ကွင်းလယ် လူ ပေါ့ဂ်ဘာ နှင့် အာဂျင်တီးနား တိုက်စစ်မှူး နှစ်ဦး ဖြစ်သော မက်ဆီနှင့် အဂွဲရိုး တို့အား ခေါ်ယူ ရန် စိတ်ဝင်စား လျက် ရှိနေ တာပါ ။

သို့ ပေမယ့် အဆို ပါ ကစားသမား များကို ခေါ်ယူရေး အတွက် အသင်းမှ ကစားသမား အချို့ ထွက်ခွာ ရဖွယ် ရှိပြီး အမ်ဘာပေ ဟာ ထွက်ခွာရန် အနီး စပ်ဆုံး ဖြစ်နေ ပါတယ်။

ပိုချက်တီနို ခေါ်ယူ လိုသော မက်ဆီ နှင့် အဂွဲရိုး နှစ်ဦး စလုံးဟာ ယခုနှစ် ဘောလုံး ရာသီ အကုန်မှာ သက်ဆိုင် ရာ အသင်း များနှင့် စာချုပ် သက်တမ်း ကုန်ဆုံး မည် ဖြစ်ပြီး စာချုပ် သက်တမ်း တိုးခြင်း လည်း မရှိသေး ပါဘူး။

မက်ဆီ အနေ နဲ့လဲ မန်စီးတီး သို့ ပြောင်းရွှေ့နိုင်ရေး သတင်းများ ထွက်ပေါ် နေ သော်လည်း ပီအက်စ်ဂျီ အသင်း သို့လည်း ပြောင်းရွှေ့ နိုင်ကြောင်း သတင်း များ က ဖော်ပြ ထားပြီး  မက်ဆီရဲ့ အသင်းဖော် ဟောင်း နေမာ ကလဲ ပီအက်စ်ဂျီအသင်း သို့ အတူ လာရောက် ကစားရန် ဖိတ်ခေါ် ခဲ့ဘူး ပါတယ်။

မက်ဆီ နဲ့ အဂွဲရိုး တို့ဟာ လစာ မြင့်မားသော ကစား သမား များ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး စလုံးကို ခေါ်ယူ ခဲ့ပါက ပီအက်စ်ဂျီ မှာ ကစားသမား အချို့ကို ရောင်းထုတ် ရမည် ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဟာ အဆိုပါ ကစားသမား နှစ်ဦး ခေါ်ယူရေး အတွက် လစာငွေ အချို့ ကို ကာမိ စေရန်နှင့် ဥရောပ ဘောလုံး အဖွဲ့ချုပ် မှ ချမှတ် ထားသော ဘဏ္ဍာရေး စည်းမျဉ်း ကြောင့် လည်း အမ်ဘာပေ ကို ရောင်းချရန် ကြံစည် လာခြင်း ဖြစ်ပြီး

အသက် ၂၂ နှစ် အရွယ် အမ်ဘာပေ ဟာလဲ ပီအက်စ်ဂျီ အသင်း နှင့် ၂၀၂၂ တွင် စာချုပ်သက်တမ်း ကုန်ဆုံး မည် ဖြစ်ကာ စာချုပ်သက်တမ်း တိုးရေး ဆွေးနွေး မှု  အဆင် မပြေ ဖြစ် နေကြောင်း သတင်းများ က ဖော်ပြ ထားပါတယ်