Spots news

လီဗာကူဆင် သို့ ပြောင်းရွေ့သွားတဲ့ ဖိုဆူမန်ဆက် နဲ့ နောက်ဆုံးရ သတင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံကစား သမား ဖိုဆူမန်ဆက် ကတော့ လေဗာကူဆင် အသင်း ဆီကို ယူရို (၁.၇) သန်း နဲ့ အပြီး သတ် ပြောင်းရွေ့ သွားခဲ့ ပြီဖြစ်ပါ တယ်

အာဆင်နယ် အစွန် ခံစစ်မှူး တီရာနေး ကို ခေါ် ယူ ဖို့ နာပိုလီ က ထပ်မံ ကြိုး ပမ်း လာဖို့ ရှိနေ ပါတယ် ။ နာပိုလီ ဟာ တီရာနေး ကို ယခင် ဆဲလ်တစ် မှာတည်း က ခေါ် ဖို့ ပစ် မှတ် ထား ကြိုးစား ခဲ့ တာ ပါ ။

လီဗာပူး အသင်း ဟာ ဇန်နဝါရီ မှာ ပေါင် သန်း ၅၀ အထက် ပေးရ တဲ့ ကစား သမား မျိုးကို မခေါ်ဘူး ဆို ပေ မယ့် ကစား သမား သစ် ခေါ်ယူ နိုင် ချေ ရှိ နေဆဲဖြစ်ကြောင်း သတင်း ထောက် Fabrizio Romano က ပြော ပါ တယ်။

ချယ်ဆီး နည်းပြ လမ်းပတ် က တော့ အက်ဖ်အေ ပွဲ မှာ အစွမ်း ပြ ခဲ့တဲ့ လူငယ် နှစ်ဦး ဖြစ်တဲ့ ဘီလီ ဂေးလ်မား နဲ့ အိုဒွိုင်း တို့ နှစ်ဦး ကို လာမယ့် ပွဲ တွေ မှာ ပို နေရာ ပေးသွား ဖို့ ရှိကြောင်း ပြောဆို ခဲ့ ပါတယ် ။

ကိုဗစ် ပိုး ရှိသူ တွေ များ ပြား နေတဲ့ အက်စတွန် ဗီလာ အသင်း အခြေ အနေ ကြောင့် ဗီလာ နဲ့ စပါး ပွဲ က ရွှေ့ဆိုင်း သွား ခဲ့ပြီး ဒီ အပတ် မှာ စပါး က ဖူလ်ဟမ် နဲ့ ယှဉ်ပြိုင် ကစား ရ တော့မှာ ဖြစ် ပါတယ် ။

ဟယ်သာဘာလင် အသင်း ဟာ အငှား လာ ကစား နေတဲ့ အာဆင်နယ် ကွင်းလယ် သမား ဂွမ်ဒူဇီ ရဲ့ ခြေစွမ်း ကို သဘော ကျနေ တာ ကြောင့် အပြီး ဝယ်ယူ ဖို့ မေးမြန်း ပြောဆို နေပြီး အာဆင်နယ် ကလည်း ၎င်းကို ပြန် ခေါ် လိုနေ ပါတယ် ။

ပရီးမီးယားလိဂ် မှာ ပြီးခဲ့ တဲ့ ၁၂ လ အတွင်း အထူး ချွန်ဆုံး ခြေစွမ်း ပြ သူ တွေ အဖြစ် နာမည် ကျော် လာတဲ့ ယူနိုက်တက် မှ ဖာနန်ဒက်စ် ၊ စပါး မှ ဆွန် တို့ နည်းတူ လီဗာပူး မှ ဖာဘင်ညို ကလည်း အပြစ် ပြော စရာ မ ရှိ အောင် ခြေစွမ်း ကောင်းတယ် လို့ ဂျွန် အဲဒရစ်ချ် က ပြော ဆိုလိုက် ပါတယ် ။