Unicode Version
နာမည် ကြီး ရော်နယ် ဒင်ဟို ကို ခေါ်ယူဖို့ ကမ်းလှမ်း ပြီး သား ဖြစ်နေ လို့ လူငယ် လေး ခရစ်စတီ ယာနို ရော်နယ်ဒို ကို ခေါ်ယူ ရမယ့် အခွင့် အရေး ကို လက်လွှတ် ခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဟောင်း ယိုဟန် လာပေါ်တာ က အတိတ်ကို ပြန်လည် တူးဆွ သွားခဲ့ ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဟောင်း ယိုဟန် လာပေါ်တာ က သူ့ အနေ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူ ဖို့ အခွင့် အရေး ရှိခဲ့ ပေမယ့် ၊ ရော်နယ်ဒင် ဟို ခေါ်ယူ ထားခဲ့ တာကြောင့် အဲဒီ အခွင့် အရေး ကို ပယ်ချ ခဲ့တာ ဖြစ်တယ် လို့ ထုတ်ဖော် ပြောဆို လိုက် ပါတယ်။
ရော်နယ်ဒို ဟာ စပို့တင်း မှာ ကစား နေခဲ့ စဉ်က ဥရောပ ထိပ်သီး ကလပ် တော်တော် များများ ရဲ့ စိတ်ဝင် စားခြင်း ကို ခံခဲ့ ရသူ ဖြစ်ပြီး လီဗာပူး အသင်း ရဲ့ လက်ထောက် နည်းပြ ဟောင်း ဖြစ်သူ ဖီးလ် သွမ်ဆင် ကလဲ ဂျရတ် ဟူလီယာ လက်ထက် က ရော်နယ်ဒို ကို ခေါ်ယူဖို့ အတွက် သူ ကိုယ်တိုင် ကြိုးစား ခဲ့ဖူး တယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ဘူး ပါတယ်။
အာဆင်နယ် အသင်း နည်းပြ ဟောင်း အာဆင် ဝင်းဂါး ဟာ လဲ ရော်နယ်ဒို ကို ကမ်းလှမ်း ခဲ့ဘူး ပြီး ရော်နယ်ဒို နဲ့ ပုဂ္ဂိုလ် ရေး သဘော တူ ညီမှု အထိ ရခဲ့ သူပါ။ သို့ပေမယ့် လူငယ် ကစား သမား ရဲ့ တန်ကြေး ကို အာဆင်နယ် တို့ တွန့်ဆုတ် နေချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ၁၉ သန်းပေးပြီး ခေါ်ယူ သွားခဲ့ ပါတယ်။
ဘာစီလိုနာ ဥက္ကဌ ဟောင်း လာပေါ်တာ ဟာ ဥက္ကဌ ရွေးကောက်ပွဲ အတွက် အွန်လိုင်း ကနေ တဆင့် ပြုလုပ် ခဲ့တဲ့ အင်တာဗျူး တစ်ခု မှာတော့ ရော်နယ်ဒို ကို ခေါ်ယူဖို့ အခြေ အနေ ကောင်းခဲ့ တဲ့ အပေါ် ပြောဆို သွား ခဲ့ ပါတယ်။
“ ကျနော် တို့က ရော်နယ်ဒင်ဟို နဲ့ မားကွက်ဇ် တို့ကို စာချုပ် ချုပ် တော့မယ့် အချိန် မှာ မားကွက်ဇ် ရဲ့ ကိုယ်စားလှယ် တွေက ရော်နယ်ဒို ကို ခေါ်မလား ဆိုပြီး ကမ်းလှမ်း ကြ ပါတယ်။ အဲ့ ဒီ အချိန်မှာ သူက စပို့တင်း ကစား သမားပေါ့ ။
အဲဒီ အထဲက အေးဂျင့် တစ်ယောက် ပြော ခဲ့တဲ့ စကား က သူတို့ ဟာ ယူနိုက်တက် ကို ယူရို ၁၉ သန်း နဲ့ ရောင်းတော့ မှာ ဖြစ်ပေမယ့် ဘာစီလိုနာ က လိုချင် တယ် ဆိုရင် ယူရို ၁၇ သန်း နဲ့ ရရှိ စေရမယ် ဆိုပြီး ညှိခဲ့ တယ်
ဒါပေမယ့် ကျနော် တို့ အသင်း မှာ ရော်နယ် ဒင်ဟို ကို ခေါ်ယူ ဖို့ လုပ်ဆောင် ပြီးသား ဖြစ် နေတယ် လေ ။ ရော်နယ်ဒို ကလဲ အသင်းက လိုချင်တဲ့ ပုံစံမျိုး မဟုတ် ပဲ တောင်ပံ ကို ပိုပြီး ထွက် ကစား တတ်တဲ့ သူပါ။
ဒါကြောင့် ငြင်းပယ် လိုက်တာ ဖြစ် ပါတယ်။ ကျနော် ကတော့ နောင်တ လုံး၀ မရ ပါဘူး” လို့ ပြောဆို သွားခဲ့ ပါတယ်။