Spots news

စပါးကွင်းလယ်လူ ဟော်ဘီယာကို ပေါင် ၈၁ သန်းဖြင့် လီဗာပူး ခေါ်ယူလို

Unicode Version

ပရီးမီးယား လိဂ် ချန်ပီယံ လီဗာပူး အသင်း ဟာ ပြိုင်ဘက် စပါး အသင်း ကွင်းလယ် အဖျက်ကစား သမား ဟော်ဘီယာ ကို အံအား သင့်ဖွယ် ခေါ်ယူ ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း သတင်း များ က ဖော်ပြ ထား ပါတယ်။

ဒိန်းမတ် လက်ရွေးစင် ကစား သမား ဟော်ဘီယာဟာ ဆောက်သမ် တန် အသင်း မှ စပါး သို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွေ့ ကာလ က ပြောင်းရွှေ့ လာခဲ့ သူ ဖြစ်ပြီး စပါး အသင်းအတွက် ခြေစွမ်း ပြ ကစား နေသူ ဖြစ် ပါတယ်။

နည်းပြ မော်ရင်ဟို ရဲ့ ကစားကွက် မှာ အလွန် အသုံး ဝင်သော ကစား သမား ဖြစ် လျက် ရှိနေတာပါ။

လီဗာပူး အနေ နဲ့ ကွင်းလယ် လူ ဝီနယ်ဒမ် ကို လက်လွှတ် ရဖွယ် ရှိ‌ နေပြီး ဝီနယ်ဒမ် ရဲ့ နေရာတွင် အစား ထိုးရန် ဟော်ဘီယာ ကို ခေါ်ယူ လိုခြင်း ဖြစ် ပါတယ်။

အသင်း ခံစစ် ရဲ့ ဒဏ်ရာ ပြသနာ များ ရှိ နေပြီး ကွင်းလယ်လူ တစ်ဦး ဖြစ်သူ ဖာဘင်ဟို မှာ ဗဟို ခံစစ်မှူး အဖြစ် ကစား နေရ သော ကြောင့် လီဗာပူး ကွင်းလယ် မှာ အားဖြည့် ရန် လိုအပ် နေတာပါ။

လီဗာပူး ဟာ ဟော်ဘီယာ ကို ခေါ်ယူရေး အတွက် ပြောင်းရွှေ့ ကြေး ပေါင် 81 သန်း ဖြင့် ကမ်းလှမ်း သွားဖွယ် ရှိကြောင်း သတင်းများ က ဖော်ပြ ထား ပါတယ်။

သို့ပေမယ့် စပါးအသင်း ဟာ အသက် 25 နှစ် အရွယ် ရှိ ဟော်ဘီယာ ကို ရောင်းချ ဖွယ် မရှိ သော် လည်း လီဗာပူး က ဟော်ဘီယာ ကို များစွာ လိုချင် နေပြီး မဖြစ် မနေ ခေါ်ယူရေး ကြိုးပမ်း သွားဖွယ် ရှိပြီး ဟော်ဘီယာ ဟာ အသင်း၏ ကွင်းလယ်ကို ထိထိ ရောက်ရောက် အားဖြည့် နိုင်မည် ဟု လီဗာပူး အသင်း က ယုံကြည် လျက် ရှိ နေ ပါတယ်။

Zawgyi Version




