Spots news

ရာသီဝက်အငှား + အပြီးသတ်ခေါ်ယူခွင့် ဖြင့် ဆွေးနွေးနေပြီဖြစ်တဲ့ လင်ဂတ်

Unicode Version

ပုံမှန် ပွဲထွက် ခွင့် တွေ ပျောက်ဆုံး နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် တိုက်စစ် ကစား သမား ဂျက်ဆီ လင်ဂတ် ကို

ပြင်သစ် လီဂူးဝမ်း အသင်း တစ် သင်း ဖြစ်တဲ့ နိုက်စ် အသင်း က အငှား ဖြင့် ခေါ်ယူ ရန် ယူနိုက်တက် နဲ့ ဆွေးနွေးမှု ပြုလုပ် နေပြီ ဖြစ်ကြောင်း သတင်း များ အရ သိရပါတယ်။

တစ်ချိန် က ယူနိုက်တက် ရဲ့ ကွင်းလယ် မှာ အဓိက ကစား သမား တစ်ဦး ဖြစ်ခဲ့ တဲ့ ဂျက်ဆီလင်ဂတ် ဟာ မန်ချက် စတာ ယူနိုက် တက် နဲ့ စာချုပ် သက်တမ်း တိုးတာ တာ မကြာသေး ပေမယ့်

ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ တော့ ၃ ပွဲသာ ပါဝင် ကစား ထား ရသေး သလို ကစား သမား ကိုယ်တိုင် ကလဲ ပွဲထွက် ခွင့် ရယူ လိုနေတာ ကြောင့် အသင်း ကနေ အငှား သွားရောက် ကစား ရန် အလိုရှိ နေ ပါတယ်။

လင်ဂတ် ကို ပရီးမီးယား လိဂ် ကလပ် အသင်းများစွာ ကနေ အငှားနဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြ သလို

လတ်တလော မှာလည်း အင်တာမီလန် အသင်း ကပါ လင်ဂတ် ကို သူတို့အသင်း ဆီ ခေါ်ဆောင် ချင် နေတယ် လို့ The Mirror သတင်း စာ ကနေ ဖော်ပြ ထား ပါတယ်။

လက်ရှိ မှာ လီဂူး ကလပ် နိုက်စ် အသင်း ဟာ လင်ဂတ် ကို ရာသီ ဝက် အငှား + ရာသီကုန် အ‌ပြီး သတ် ခေါ်ယူ ခွင့် ဖြင့် ဆွေးနွေး နေပြီး

လင်ဂတ် ကိုယ်တိုင် ကလဲ ပြင်သစ် သို့ ပြောင်းရွေ့ပြီး ကစား သမား ဘဝ ကို ပြန်တည် ဆောက်ချင် ကြောင်း နီးစပ်သူ တွေက ဆို ကြ ပါတယ်။

ယူနိုက်တက် အကယ် ဒမီ ကနေ ပေါ်ထွက် လာခဲ့တဲ့ ဂျက်ဆီ လင်ဂတ် က တော့ ဒီရာသီ အတွင်း ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံ လိဂ်ပွဲစဉ် တွေကို တစ်ပွဲ မှ ပါဝင် ကစား ထားရ ခြင်းမရှိ ပဲ

တခြား သော ပြည်တွင်း ဖလားပွဲ တွေ မှသာ ပါဝင် ခဲ့ ရပြီး ယမန်နေ့ ည က ဝက်ဖိုဒ့် နဲ့ ကစားခဲ့ ရတဲ့ အက်အေ ဖလား ပွဲ မှာ ပွဲထွက် ကစားခွင့် ရခဲ့ ပါတယ်။