Unicode Version
မန်ချက် စတာ ယူနိုက်တက် အသင်း ကို တရားဝင် ပူးပေါင်း နိုင်ခဲ့ ပြီ ဖြစ်တဲ့ လူငယ် တော်င်ပံ ကစား သမား ဒိုင်ယာလို ဟာ
မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တရား ဝင် မိတ်ဆက် ပွဲ ပြုလုပ် နိုင်ခဲ့ ပြီ ဖြစ်ပါတယ် ။
၂၀၀၂ ခုနှစ် ဖွားလေး ကိုပင် ယူနိုက်တက် တို့ ပြောင်းရွေ့ ကြေး ပေါင် သန်း ၂၀ အထိ ပေးချေ ထားရ သလို
အပို ဆုကြေး တွေ ပါ ပေါင်းထည့် လိုက် ပါက ပေါင် ၃၇ သန်း အထိ ရင်းနှီး ထားခဲ့ တာပဲ ဖြစ် ပါတယ်။
ပြီး ခဲ့တဲ့ အပြောင်း အရွေ့ ကာလ က တည်းက အပြောင်း အရွေ့ ဖြစ် မြောက် ခဲ့ ပေ မယ့် အလုပ်ပါမစ် ကိစ္စ တွေ ကြောင့် အသင်းကို ချက်ချင်း လာ ရောက်
မပူးပေါင်း နိုင် သေးတဲ့ ဒိုင်ယာလို လေး ကို သူ့ရဲ့ မိခင် ကလပ် ဖြစ်တဲ့ အတ္တလန္တာ မှာပဲ ဆက် ကစား စေခဲ့ပြီး ယခု ဇန်န ဝါရီ မှာတော့ ယူနိုက်တက် ကို ရောက်ရှိ လာခဲ့ တာပါ။
ဒိုင်ယာလို ဟာ ကျော နံပါတ် ၁၉ ကို ဝတ်ဆင် ကစား မှာ ဖြစ် ပြီး ထို နံပါတ် ကို ရပ်ရှ်ဖို့ ၊ ဒရိုက်ယော့ခ် တို့ ဝတ်ဆင် ခဲ့ပါ သေးတယ် ။
ဒိုင်ယာလို ဟာ ယူနိုက်တက် နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် ချုပ် ဆို ထားပြီး နောက်ထပ် တစ်နှစ် သက်တန်း တိုးခွင့် လဲ ပါဝင် ပါ တယ်။
ဒိုင်ယာလို ကတော့ သူ့ ရဲ့ မိတ်ဆက် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကို ရောက် ရှိ ခဲ့လို့ ပျော်ရွှင် နေ ကြောင်း နဲ့ ပွဲထွက် ခွင့် ရလာဖို့ မျှော်လင့်ကြောင်း ဖြေကြား ခဲ့ပါ တယ်။
“ ဒီကို ရောက်လာ ပြီ မလို့ ကျွန်တော် အလွန် အူမြူး နေပါ တယ်။ မန်ချက် စတာ ယူနိုက်တက်ကစား သမား ဘဝ ကို အစ ပြုရ တော့မှာ ကြောင့် အလွန် စိတ် လှုပ်ရှား နေ ပါတယ်။
ဒါ ကျွန်တော့် အိပ်မက်တွေ တကယ် ဖြစ် လာတာ ပါဘဲ။ အသင်းဖော် တွေနဲ့ တွဲကစား ဖို့ ကျွန်တော် မစောင့်နိုင် တော့ဘူး ဗျာ။
ပြီးခဲ့ တဲ့ လပိုင်း တွေက ကျွန်တော့် အတွက် ထူးဆန်း တဲ့ ကာလ တွေ ပါဘဲ။ အတ္တလန်တာ မှာ နည်းနည်း ပို ကစားခွင့် ရဖို့ မျှော်လင့် ခဲ့ ပေမယ့် အဲ့ဒါက မဖြစ် နိုင် ခဲ့ ပါဘူး။
အခုတော့ ကျွန်တော် ဒီရောက် လာ ပါပြီ၊ရောက်လာ လို့ လည်း တအား ပျော်နေ ပါတယ်။
ယူနိုက်တက် မှာ ကြုံ လာမယ့် အတွေ့ အကြုံ တွေကို ကျွန်တော် အရမ်း မျှော်လင့် ထား ပါတယ်။ ပွဲထွက် ခွင့် ရလာ ဖို့ ကိုလည်း ကျွန်တော် မျှော်လင့် ထား ပါတယ်။ ”