Spots news

ဂရစ်ဇ်မန်း ပြောပြခဲ့တဲ့ ကျော်ဖြတ်ရအခက်ခဲ ဆုံး ကစားသမား

Unicode Version

ပြင်သစ် နဲ့ ဘာစီလိုနာ ကစား သမား အန်တိုနီယို ဂရစ်ဇ် မန်း ကတော့ သူ့ အတွက် ကျော်ဖြတ် ဖို့ အခက်ခဲ ဆုံး ပြိုင်ဘက် တစ်ယောက် ကို ရွေးချယ် ရာ မှာ ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင် ကစား သမား တွေ ကို မရွေးချယ်ခဲ့ ပဲ ကလပ် အသင်းဖော် လူငယ် ကြယ်ပွင့်  ဒီဂျောင် ကို ရွေးချယ် ခဲ့ဘူး ပါတယ်။

နယ်သာ‌လန် ကစားသမား ဒီဂျောင် ဟာ ‌အေဂျက် မှ ဘာစီ လိုနာ သို့ ပြောင်းရွေ့ လာခဲ့ သူ ဖြစ်ပြီး ကမ္ဘာ့ အလား အလာ အကောင်းဆုံး လူငယ် ကစား သမား များထဲမှ တစ်ယောက် အဖြစ် သတ်မှတ် ခြင်း ခံထား ရသူပါ။

ပြင်သစ် နဲ့ နယ် သာလန် တို့ UEFA National League မှာ တွေ့ဆုံ ခဲ့စဉ် က နယ်သာ လန် အသင်း ဟာ ပြင် သစ် အသင်း ကို 2-0 ဖြင့် အနိုင် ရ ခဲ့ပြီး  21 နှစ် အရွယ် လူငယ်ကစားသမား လေး ဖရန်ကီ ဒီဂျောင် ရဲ့ ပြင်သစ် ရဲ့ နာမည် ကျော် တိုက်စစ်မှုး တွေ ကို ဟန့်တား မှု ဟာ  နယ်သာလန် ရဲ့ နိုင်ပွဲ အတွက် အရေးပါတဲ့ အစိတ် အပိုင်း ဖြစ်ခဲ့ ပါတယ်။

ဂရစ်ဇ်မန်း အနေ နဲ့ ဒီဂျောင် ကို ကျော်ဖြတ်ဖို့ ခက်ခဲ ခဲ့တာ ဖြစ်ပြီး လူငယ် ကစား သမား ရဲ့ ခြေစွမ်း ကို အသိ အမှတ် ပြု ခဲ့ရ ပါတယ်။

ထိုစဉ် က ဒီဂျောင် ဟာ အေဂျက် အသင်းမှာ လူငယ် ကြယ်ပွင့်  ကစား သမား အဖြစ် ခြေစွမ်း ပြ နေပြီ ဖြစ်ပါတယ်

Oh My Goal အစီ အစဉ် နဲ့ တွေ့ဆုံ ခဲ့ရာ မှာတော့ ဂရစ်ဇ်မန်း က ” ကျွန်တော် ရင်ဆိုင်ရအခက် ခဲဆုံး ပြိုင်ဘက် ကတော့ အေဂျက်ဇ်အသင်း က ဒီဂျောင် ဖြစ် ပါတယ်။

ဘာလို့လဲ ဆိုတော့ အမ်စတာဒမ် မှာ ကစား တုန်းက ကျွန်တော် အနေ နဲ့ သူ့ ကို ဖိအားပေး ဖို့ ကြိုးစား ခဲ့ ပေ မယ့် လုံးဝ မ အောင်မြင် ခဲ့ပါဘူး။ ” လို့ ပြောကြား ခဲ့ပါတယ်။

ဂရစ်ဇ်မန်း နဲ့ ဒီဂျောင် တို့ဟာ လက်ရှိ အချိန် မှာ ဘာစီ လိုနာ အသင်းရဲ့ အဓိက ကစား သမား များ အဖြစ် ခြေစွမ်း ပြ ကစားလျက် ရှိနေ ကြပါတယ်။