Spots news

လင်ဂတ်ကို ကျွန်တော် ရောင်းချ သွားမှာ မဟုတ်သေးပါဘူး – ဆိုးလ်ရှား

Unicode Version

နည်းပြ ဆိုလ်းရှား ရဲ့ တောင်းဆို မှု ကြောင့် ကွင်း လယ် တိုက်စစ် ကစား သမား လင်ဂတ် ကို မန်ချက်စတာ ယူနိုက်တက် တို့ ရောင်း ချတော့ မှာ မ ဟုတ် ကြောင်း The Telegraph သတင်းစာ က ဖော် ပြ လာပါတယ် ။

ကစား သမား ဟာ ပုံမှန် ခြေစွမ်း ရ ရှိဖို့ အချိန် အတော် ကြာ အောင် စောင့် စား နေ ပေမယ့် ပုံမှန် ပွဲထွက် ခွင့် မရ ရှိ မှု ၊ ကိုဗစ် ကြောင့် သီး သန့် နေ ခဲ့ရ မှု နဲ့ အသင်း ရဲ့ ပွဲ ကြပ် ကာလ ရုန်းကန် နေခဲ့ ရ မှု ‌တို့ကြောင့် လင်ဂတ် ဟာ ပုံမှန် ‌ခြေစွမ်း ပြန် မ ရ သေးပေ မယ့် အသင်း ရဲ့ အနာဂတ် အစီ အစဉ် တွေမှာ အရေး ပါ လာမည် ဟု နည်းပြ ဆိုလ်းရှား က ယုံ ကြည် နေတာ ပါ

ဂျက်ဆီ လင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုး ထား တာ မ ကြာ သေးပေ မယ့် ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ တော့ ၃ ပွဲ သာ ပါဝင် ကစား ထားရ သေးပြီး လိဂ် ပွဲ လုံးဝ မ ပါဝင် ထားနိုင် ပဲ ကာရာဘောင် နဲ့ အက်ဖ်အေ နှစ်ခု ပဲ ပါဝင် ကစား ရသေး ပါတယ် ။

လင်ဂတ် ကို ပရီးမီးယား လိဂ် ကလပ် အသင်း များစွာ က နေ အငှား နဲ့ ခေါ်ယူ ဖို့ အတွက် စိတ် ဝင်စား နေကြ သလို လတ် တလော မှာ လည်းအင်တာ မီလန် အသင်း နဲ့ ပြင်သစ် လီဂူး ကလပ် နိုက်စ် တို့ က ပါ လင်ဂတ် ကို ရာသီ ဝက် အငှား + အပြီးသတ် ခေါ်ယူ ခွင့် နဲ့ ကမ်း လှမ်း ဖို့ ဆွေး နွေး နေ ပါတယ် ။

ယူနိုက်တက် အသင်း ကလဲ ယခု ဇန်နဝါရီ စျေးကွက် မှာ အသင်း ရဲ့ အင်္ဂလန် ကစား သမား လင်ဂတ် ကို ရောင်း ထုတ်ဖို့ ပြင် ဆင် နေပေ မယ့် နည်းပြ ဆိုးလ်ရှား ကတော့ မ ရောင်း သေးဖို့ တား မြစ် ထားတယ် လို့ သိ ရပါ တယ် ။

နည်းပြ ဆိုလ်းရှား က “ ပွဲ ထွက်ခွင့် အတော် လေး ဆုံး ရှုံး ထား ပေမယ့် သူ ( လင်ဂတ် ) ဟာ ပရော် ဖက်ရှင် နယ် ပီသ တဲ့ ကစား သမား ပါ ။လေ့ကျင့် ရေး မှာ ဆိုရင် လဲ အမြဲ အပြင်း အထန် လေ့ ကျင့် ပြီး အသင်း က လို အပ်လာ ရင် ကူညီ ဖို့ အသင့် ရှိ သူ ဖြစ် ပါတယ် ။ ကိုဗစ်ကြောင့် ခွဲ နေခဲ့ ရပေ မယ့် အမြဲတမ်း တော့ သူ နဲ့ ခွဲ မ နေပါဘူး ” ဟု ပြော ကြား ခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာ ပွဲ ထွက်ခွင့် နည်းပါး နေ ပေမယ့် အသင်း အတွက် အသုံး ဝင် လာမည့် သူ ဖြစ် လာမယ် လို့ နည်းပြ ဆိုလ်းရှား က ယုံ ကြည် နေတာပါ ။ ယူနိုက်တက် ကလည်း ဆိုလ်းရှား ရဲ့ တောင်းဆို ချက် အရ လင်ဂတ် ကို ‌ရောင်း ချ ဖို့ ဆွေးနွေး မှု ပြုလုပ် တော့မှာ မဟုတ်ကြောင်း The Telegraph သတင်း ဌာန က ရေး သား ဖော်ပြ ထား ပါတယ် ။