Spots news

လီဝန်ဒေါစကီး ဦးဆောင်နေပြီး ရော်နယ်ဒို ဒုတိယဖြစ်နေတဲ့ ဥရောပ ရွှေဖိနပ်

Unicode Version

၂၀၂၀ – ၂၁ ဘောလုံး ရာသီ ၊ ဥရောပ ရွှေ ဖိနပ် ဆု ကို ချိန်ရွယ် နေတဲ့ ကစား သမား စာရင်း မှာတော့ ဘိုင်ယန် တိုက်စစ် မှူး လီဝန် ဒေါစကီး က ထိပ်ဆုံး က ရပ် တည် လျက်ရှိနေ ပါတယ် ။

လီဝန် ဒေါစကီး ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ဘွန်ဒက်စ် လီဂါ သွင်းဂိုး ၂၀ ထိ ရ ရှိထားတာ ဖြစ် ပြီး ဘွန်ဒက်စ်လီဂါ ရွှေ ဖိနပ် ဆု ၊ ဥရောပ ရွှေ ဖိနပ် ဆု အတွက် တန်းစီ ဇယား တွေကို ထိပ်ဆုံး ကနေ ပြတ်ပြတ် သားသား ဦး ဆောင် ထားခဲ့တာ ဖြစ်ပါတယ် ။

လီဝန်ဒေါစကီး ကို အနီးစပ် ဆုံး လိုက်လံ ဖိအား ပေးနေခဲ့ သူ ကတော့ ဂျူဗင်တပ်စ် တိုက် စစ် မှူး ရော်နယ်ဒို ဖြစ်ပါ တယ် ။ ရော်နယ်ဒို ကတော့ ဒီနှစ် စီး ရီး အေ မှာ သွင်းဂိုး ၁၅ ဂိုး ရ ရှိ ထားခဲ့ တာပါ ။

တတိယ နေရာ မှာ တော့ လီဗာပူး တိုက်စစ် ကစား သမား မိုဟာမက် ဆာလာ က ရပ် တည် နေပါတယ် ။ ဆာလာ ကတော့ သွင်း ဂိုး ၁၃ ဂိုး ရရှိ ထားခဲ့ တာ ဖြစ်ပါတယ် ။

ဆာလာ ရဲ့ နောက် မှာတော့ ၁၂ ဂိုး သွင်း ယူ ထားတဲ့ ကစား သမား ၄ ဦး ထိရှိ နေပါ တယ် ၊ ဆွန်ဟောင်မင် ( စပါး ) ၊ ဟာလန်း ( ဒေါ့မွန် ) ၊ အမ်ဘာပေ ( PSG ) ၊ လူကာကူ ( အင်တာမီလန် )တို့ပဲ ဖြစ် ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ဥရောပ ရွှေ ဖိနပ် ဆု အတွက် အပြိုင် ဖြစ် နေတဲ့ ကစား သမား များ ကိုတော့ အခု လိုပဲတွေ့ မြင် ရမှာ ဖြစ် ပါတယ် ။

၁ ။ လီဝန်ဒေါစကီး ( ဘိုင်ယန်မြူးနစ် ) ၂၀ ဂိုး
၂ ။ ရော်နယ်ဒို ( ဂျူဗင်တပ်စ် ) ၁၅ ဂိုး
၃ ။ ဆာလာ ( လီဗာပူး ) ၁၃ ဂိုး
၄ ။ ဆွန်ဟောင်မင် ( စပါး ) ၊ ဟာလန်း ( ဒေါ့မွန် ) ၊ အမ်ဘာပေ ( PSG ) ၊ လူကာကူ ( အင်တာမီလန် ) ၁၂ ဂိုး