Spots news

မန်ယူကို ဒိုင်ကူတယ်ပြောတဲ့ ကလော့ပ်ကို ဒိုင်လူကြီးဟောင်း ရှုံ့ချ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပင်နယ်တီ ရရှိ မှုကို အင်္ဂလန် ဒါဘီ လို့ တင် စားရ မယ့် မန်ယူ နဲ့ လီဗာပူး ပွဲ မတိုင် ခင် ဝေဖန် မှု များ ပြုလုပ် နေသော လီဗာပူး နည်းပြ ဂျာဂန် ကလော့ပ် ကို ကွင်း လယ် ဒိုင် လူကြီးဟောင်း မော့ကလက်တန် ဘာ့ခ် က ဝေဖန် ပြစ်တင် လိုက်ပါ တယ်။

ကလော့ပ် ရဲ့ ဝေဖန် မှု တွေ ဟာ ယူနိုက်တက် နဲ့ ပွဲစဉ် အတွက် စိုးရိမ် ထိတ် လန့် နေ ၍ ဝေဖန် မှု များ ပြုလုပ် နေခြင်း ဖြစ်ကြောင်း ဝေဖန် ခဲ့ တာပါ ။

နည်းပြ ကလော့ပ် ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ပင်နယ်တီ များ စွာ ရ ရှိ နေကြောင်း ဝေ ဖန် ပြောဆို ခဲ့ ခြင်း ဖြစ်ပါ တယ် ။

မန် ချက် စတာ ယူနိုက်တက် ဟာ လက်ရှိ ပရီးမီးယား လိဂ် အဆင့် တစ် နေရာ မှာ လီဗာပူး အသင်း ကို သုံး မှတ် ဖြတ် ထားပြီး လာမည့် ပွဲစဉ် တွင် လီဗာပူး ကို အနိုင် ရ ခဲ့ လျှင် ၆ မှတ် ဖြတ် ထားနိုင် မည် ဖြစ် ပါတယ် ။

ကွင်း လယ် ဒိုင် လူကြီး ဟောင်း ကလက်တန် ဘာ့ခ် က အမှတ် ပေး ဇယား ကို အဆုံး အဖြတ် ပေးမယ့် ပွဲစဉ် မတိုင် ခင် လီဗာပူး အသင်း ရဲ့ ပြောဆို မှု များကို ဝေ ဖန်လိုက်ပြီး လီဗာပူး ကစား သမား များ ဟာလည်း ဟန် ဆောင် ဒိုင်ဗင် ပစ် မှု များ ရှိကြောင်း ပြော ဆိုခဲ့ တာပါ ။

“ မန်ယူ ရရှိ တဲ့ ပင်နယ် တီ တွေ အကြောင်း ပြော တာဟာ ဖာဂူဆန် လုပ် ခဲ့တဲ့ နည်းတွေ အတိုင်း ပါပဲ ။ ဒါ ဟာ စိတ်ဓာတ် စစ် ဆင် ရေး ပါ။

ပင်နယ် တီ ပေးမယ့် ဒိုင် ကို နှစ်ခါ ပြန် စဉ်းစား အောင် လုပ်တာ ပါ ။ ကလော့ပ် က တာဝန် ရှိသူ တွေကို အပြစ် ပြော တာလား ၊ မန်ယူကစား သမား တွေ ဟန်ဆောင် ဒိုင်ဗင် ပစ်တယ် လို့ ပြောတာလား ”

“တာဝန် ရှိသူ တွေကို ဝေဖန် တာ ဆိုရင် တော့ သူ ပြောတာ မ မှန်ပါဘူး ။ မန်ယူ ကစား သမား တွေက ပင်နယ် တီ ရဖို့ ဟန်ဆောင် လှဲ ချ တာတွေ ရှိ ပါတယ် ။ ဒါ ပေ မယ့် လီဗာပူး က ကစား သမား တွေလည်း ဒါ မျိုး လုပ်တတ် ပါတယ် ။

“ရပ်ရှ် ဖို့ဒ် ၊ မာရှယ် ၊ ပေါ့ဘာ၊ ဂရင်းဝုဒ် တို့ လဲ လုပ် ပါတယ် ။ ဒါ ဟာ သူတို့ ရဲ့ ပါးနပ် မှု ပဲ ။ ဒါ ပေ မယ့် လီဗာပူး က ဆာလတ် နဲ့ မာနေး တို့လည်း ဒါ မျိုး လုပ် တတ် ပါတယ် ။

ဖာဂူဆန် လုပ် ခဲ့ သလို ဒိုင် လူကြီး တွေ အပေါ် မှာ ကြိုတင် စိတ်ဓာတ် စစ် ဆင် လိုက်တာပါ ။ ပြီး ခဲ့တဲ့ နှစ် လီဗာပူး အနိုင် ရ နေ တုန်းက ကလော့ပ် ဒီလို မ ပြောခဲ့ ပါဘူး ။ ဒိုင် တွေက မန်ယူ ကို ဘက် လိုက် တယ် လို့ သူ ပြောတာ တော့ မှား ပါတယ် ” ဟု ကလက်တန်ဘာ့ခ် က ပြောဆို ခဲ့ ပါတယ် ။