Spots news

စေတနာ ကောင်းလွန်းတဲ့ ထရစ်ပါ ကို ခေါ်ယူဖို့ မန်ယူနိုက်တက် ပြန်သုံးသပ်မည်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်သလက် တီကို နောက်ခံလူ ထရစ်ပါ ကို  ဇန်နဝါရီ အပြောင်း အရွေ့ကာလမှာ ခေါ်ယူ ရန်ပြင် ဆင်ထားပေးမယ့် လက်ရှိ အချိန်မှာ  ကစားသမားကို ခေါ်ယူဖို့ ပြန်လည် စဉ်းစား နေပြီ ဖြစ်‌ကြောင်း သိရပါတယ် ။

ယူနိုက်တက် တို့ဟာ နောက်ခံလူ ဝမ် ဘစ်ဆာကာ ရဲ့ နေရာကို စိန်ခေါ် ဖိအား ပေး နိုင်မယ့် ကစားသမားတစ်ယောက် အတွက် ထရစ်ပါ ကို ရည်ရွယ် ထားခဲ့တာ လဲ ဖြစ်ပါတယ်။

သို့ပေမယ့် အက်သလက် တီကို နောက်ခံလူဟာ လောင်းကစား ကိစ္စတစ်ခု မှာ ပါဝင်ပတ်သက် မှူ ကြောင့် FA က ပွဲ ကစားချိန် ၁၀ ပတ် အပြင် ဒဏ် ငွေ ပေါင် ၇ သောင်း ချမှတ် ခဲ့တာပဲ ဖြစ်ပါတယ်။

ထရစ်ပါဟာ ၂၀၁၉ မှာ သူငယ်ချင်း ဖြစ်သူကို အက်သလက် တီကို ကို ‌သူပြောင်းရွေ့မယ် ဆိုတာကို လောင်းဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထရစ်ပါရဲ့ ပြစ်ဒဏ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စတင် ကြေငြာခဲ့ပြီး ကစားသမားဟာ လက်ရှိ အချိန်မှာ အယူ ခံဝင်ထားကာ ဆီဗီလာ အသင်း နှင့် ပွဲစဉ်မှာ ဝင်ရောက်ကစားသွားခဲ့ပါသေးတယ်။

အသက် ၃၀ အရွယ် ကစားသမား ဟာ အက်သလက်တီကို နဲ့ ၂၀၂၂ မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား ဟာ ယူနိုက်တက် ပရိတ်သတ် ဖြစ်ကြောင်း ပြောကြား ထားတာ ဖြစ်လို့ အပြောင်း အရွေ့ ဖြစ်မြောက် ဖို့ ရာနှုန်း များလျက် ရှိနေပါတယ်။

နောက်ခံလူ ဖိုဆူမန်ဆက် ဟာလဲ လီဗာကူဆင်ကို ပြောင်းရွေ့သွားပြီ ဖြစ်တဲ့ အတွက် ဝမ်ဘစ်ဆာကာ ရဲ့ နောက် ညာနောက်ခံနေရာအတွက် အကောင်းဆုံးဖိအားပေးနိုင်မယ့် သူအဖြစ် ထရစ်ပီယာ ကို  ခေါ်ယူဖို့ ယူနိုက်တက်တို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

အကယ်၍ ယခုအပြောင်း အရွေ့မှာ ခေါ်ယူမှု ပြုလုပ်ဖို့ မသေချာ တော့ပေမယ့် ထရစ်ပါ ဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် တစ်ခု အဖြစ် စောင့်ကြည့် နေဦးမှာပါ။

Zawgyi Version






