Spots news

အစဉ်အလာကောင်းကို ထိန်းထားနိုင်ပြီး မန်ယူ ချန်ပီယံ ဖြစ်သွားနိုင်မလား

Unicode Version

ပရီးမီးယားလိဂ် ပြိုင်ပွဲ နောက်ဆုံး ၁၀ နှစ်အတွင်း အစဉ်အလာ မှတ်တမ်းတွေအရ အခုလောလောဆယ် အမှတ်ပေးဇယား အဆင့် ၁နေရာမှာ ဦးဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၈၀% အထိ သေချာလျက် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘန်လေ အသင်းကို ၁-၀ ဖြင့် အနိုင် ရရှိပြီး လီဗာပူး အသင်းကို သုံးမှတ်ဖြတ်ကာ အဆင့် ၁ နေရာကို ရယူထားပါတယ်။

အကယ်၍ မန် ချက် စတာ ယူနိုက်တက် ဟာ  လာမည့် ပွဲစဉ် တွင် လီဗာပူး ကို အနိုင် ရ ခဲ့ လျှင် ၆ မှတ် အထိ ဖြတ် ထားနိုင် ပြီး ပရီး မီးယားယားလိဂ် အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်မှာ ဖြစ် ပါတယ် ။

ပရီးမီးယား လိဂ် ရဲ့ ၁၀ နှစ် အတွင်း မှတ်တမ်း အရ ၂၀၁ ခုနှစ်က စတင်ပြီး ပွဲစဉ် ၁၇ အပြီး အမှတ်ပေး ဇယား ကိုဦးဆောင် နိုင်ခဲ့တဲ့ ၈ သင်းဟာ ရာသီကုန်မှာ ချန်ပီယံ ဆုကို ရရှိခဲ့ တဲ့ အစဉ်အလာ တစ်ခုရှိထား ပါတယ်။

အသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီမှာလဲ ပဲ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ပွဲစဉ် ၁၇ အပြီး အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခဲ့ ကာ ရာသီကုန်မှာ ချန်ပီယံ ဖြစ်ခဲ့ ပါတယ်။

ဆယ်နှစ်မှာ ၈ ကြိမ်က အမှတ်ပေးဇယား ကို ပွဲစဉ် ၁၇ အပြီး ဦးဆောင် ကာ ရာသီ ကုန်မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ကျန်တဲ့ ၂ ကြိမ်က တော့ လီဗာပူး အသင်းဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ပွဲစဉ် ၁၇ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင် ခဲ့ သော်လည်း ၂၀၁၃-၁၄ ရာသီမှာ မန်စီးတီး၊ ၂၀၁၈-၁၉ ရာသီမှာလည်း မန်စီးတီးကပဲ လီဗာပူး အသင်းကိုကျော်ဖြတ်ကာ ချန်ပီယံဆုကို အရယူသွားတဲ့ မှတ်တမ်းလဲ ရှိပါတယ်။

ထို့ကြောင့် ပွဲစဉ် ၁၇ အပြီး အမှတ်ပေးဇယား ကို ဦးဆောင်နိုင် ရင် ချန်ပီယံ ဖြစ်နိုင်ခြေ ၈၀% အထိရှိ တာကြောင့် ယူနိုက်တက် တို့ရဲ့ မျှော်လင့်ချက်တို့ အားကောင်းနေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက် နည်းပြ ဆိုလ်းရှား လက်ထက်မှာ ချန်ပီယံ ဆုနဲ့ အနီးဆုံးရောက်နေပြီး ရာသီကုန်ထိ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်မလား ၊ ပြိုင်ဘက် အသင်းတွေရဲ့ ကျော်ဖြတ်ခြင်းကို ခံရမလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ေနာက္ဆုံး ၁၀ ႏွစ္အတြင္း အစဥ္အလာမွတ္တမ္းေတြအရ အခုေလာေလာဆယ္ အမွတ္ေပးဇယား အဆင့္ ၁ေနရာမွာ ဦးေဆာင္ေနတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ၈၀% အထိ ေသခ်ာလ်က္ ရွိေနပါတယ္။

လက္ရွိ အခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ ဘန္ေလ အသင္းကို ၁-၀ ျဖင့္ အနိုင္ ရရွိၿပီး လီဗာပူး အသင္းကို သုံးမွတ္ျဖတ္ကာ အဆင့္ ၁ ေနရာကို ရယူထားပါတယ္။ အကယ္၍ မန္ ခ်က္ စတာ ယူနိုက္တက္ ဟာ လာမည့္ ပြဲစဥ္ တြင္ လီဗာပူး ကို အနိုင္ ရ ခဲ့ လွ်င္ ၆ မွတ္ အထိ ျဖတ္ ထားနိုင္ ၿပီး ပရီး မီးယားယလိဂ္ အမွတ္ေပး ဇယား ကို ဦးေဆာင္ နိုင္မွာ ျဖစ္ ပါတယ္ ။

ပရီးမီးယား လိဂ္ ရဲ႕ ၁၀ ႏွစ္ အတြင္း မွတ္တမ္း အရ ၂၀၁ ခုႏွစ္က စတင္ၿပီး ပြဲစဥ္ ၁၇ အၿပီး အမွတ္ေပး ဇယား ကိုဦးေဆာင္ နိုင္ခဲ့တဲ့ ၈ သင္းဟာ ရာသီကုန္မွာ ခ်န္ပီယံ ဆုကို ရရွိခဲ့ တဲ့ အစဥ္အလာ တစ္ခုရွိထား ပါတယ္။

အသင္းဂႏၳဝင္နည္းျပႀကီး ဖာဂူဆန္ရဲ႕ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ရာသီမွာလဲ မန္ခ်က္စတာ ယူနိုက္တက္ တို႔ဟာ ပြဲစဥ္ ၁၇ အၿပီး အမွတ္ေပး ဇယားကို ဦးေဆာင္ နိုင္ခဲ့ ကာ ရာသီကုန္မွာ ခ်န္ပီယံ ျဖစ္ခဲ့ ပါတယ္။

ဆယ္ႏွစ္မွာ ၈ ႀကိမ္က အမွတ္ေပးဇယား ကို ပြဲစဥ္ ၁၇ အၿပီး ဦးေဆာင္ ကာ ရာသီ ကုန္မွာ ခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ က်န္တဲ့ ၂ ႀကိမ္က ေတာ့ လီဗာပူး အသင္းျဖစ္ပါတယ္။ လီဗာပူး အသင္းဟာ ပြဲစဥ္ ၁၇ အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္နိုင္ ခဲ့ ေသာ္လည္း ၂၀၁၃-၁၄ ရာသီမွာ မန္စီးတီး၊ ၂၀၁၈-၁၉ ရာသီမွာလည္း မန္စီးတီးကပဲ လီဗာပူး အသင္းကိုေက်ာ္ျဖတ္ကာ ခ်န္ပီယံဆုကို အရယူသြားတဲ့ မွတ္တမ္းလဲ ရွိပါတယ္။

ထို႔ေၾကာင့္ ပြဲစဥ္ ၁၇ အၿပီး အမွတ္ေပးဇယား ကို ဦးေဆာင္နိုင္ ရင္ ခ်န္ပီယံ ျဖစ္နိုင္ေျခ ၈၀% အထိရွိ တာေၾကာင့္ ယူနိုက္တက္ တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္တို႔ အားေကာင္းေနတာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူၿပီး ေနာက္ နည္းျပ ဆိုလ္းရွား လက္ထက္မွာ ခ်န္ပီယံ ဆုနဲ႕ အနီးဆုံးေရာက္ေနၿပီး ရာသီကုန္ထိ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္နိုင္မလား ၊ ၿပိဳင္ဘက္ အသင္းေတြရဲ႕ ေက်ာ္ျဖတ္ျခင္းကို ခံရမလား ဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။