Spots news

အန်ဖီးလ်ကွင်းမှာ လီဗာပူးပရိတ်သတ်တွေရဲ့ ဂုဏ်ပြုခြင်းခံရမယ့် ရပ်ရှ်ဖို့

Unicode Version

အင်္ဂလန်ရဲ့ အောင်မြင်မှု အကြီး မားဆုံး အသင်းနှစ်သင်းဖြစ်တဲ့  မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ ဟာ အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန် ကြ တဲ့ အသင်းနှစ် သင်း ဖြစ်ပါတယ် ။

အဆိုပါ နှစ်သင်းမှ တစ်သင်း ကခြေစွမ်းကျ ဆင်း နေခဲ့ ချိန် တွေမှာပင် အဆိုပါ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ ဆုံမှု တိုင်းဟာ ပြင်းထန် အားပါ လှပါတယ်။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘန်လေ အသင်းကို ၁-၀ ဖြင့် အနိုင် ရရှိပြီး လီဗာပူး အသင်းကို သုံးမှတ်ဖြတ်ကာ အဆင့် ၁ နေရာကို ရယူထားပါတယ်။

ထို့ ကြောင့် တနဂ်နွေ နေ့ည လီဗာပူး အိမ်ကွင်း အန်ဖီးလ် မှာ ယှဉ်ပြိုင် မယ့် လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ဟာ အမှတ်ပေးဇယား အဆင့် ၁ နေရာ အတွက် အဆုံး အဖြတ် ဖြစ်နေပါတယ်။

သို့ပေ မယ့် တနဂ်နွေနေ့ မှာ ယှဉ်ပြိုင် မယ့် အန်ဖီးလ် ကလီဗာပူး မန်ယူပွဲ မှာတော့ ယခင်က နဲ့ မတူညီ တဲ့ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်တော့မှာပါ။

အဲ့တာက တော့ မန်ချက် စတာ ယူနိုက်တက် ရဲ့ တိုက်စစ်မှူး ပရဟိတသမား လေး မားကပ် ရပ်ရှ်ဖို့ကိုလီဗာပူး ပရိတ်သတ်များက လီဗာပူး ပရိသတ်တွေဟာ အန်ဖီးလ်ကွင်းမှာ ပိုစတာတွေ စာတန်းတွေနဲ့ အတူ ရက်ဖိုဒ့်ကို ခမ်းနားစွာ ကြိုဆိုဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ရက်ဖိုဒ့်ဟာ ကိုဗစ်ကာလအတွင်းမှာ ဗြိတိန်အခမဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေကို အစားအစာ ထောက်ပံ့ဖို့ ရပ်ဆိုင်းခဲ့တဲ့ ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီးကလေးသူငယ်များ ကိုအစားအသောက်ပြန်လည်ထောက်ပံ့ဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ကဲ့သို့အဂ်လန်လက်ရွေးစင်ကစားသမားတစ်‌ယောက်ရဲ့ တိုက်တွန်းမှု ကြောင့် အစိုးရက ကလေးတွေကို အစားအစာ ထောက်ပံ့ဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ချမှတ်ခဲ့ရပါတယ်။

ရပ်ရှ်ဖို့ဟာ ကလေး သူငယ်များဆင်းရဲမှုပပျောက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် အင်္ဂလန်ပြည်သူတွေရဲ့ ချီးကျူးမှုကို ရခဲ့သလို ဂုဏ်ထူးဆောင်ဘွဲ့ MBE ကိုလည်း ရရှိခဲ့ပါတယ်။

လက်ရှိ အချိန်မှာ လီဗာပူး ပရိတ်သတ် တွေ ဟာမားကပ်ရပ်ရှ်ဖို့ကို ကြိုဆိုဂုဏ်ပြုရန် အတွက် အန်ဖီးလ်ကွင်း မှာ မားကပ် ရပ်ရှ်ဖို့ ကို ဂုဏ်ပြတဲ့ပိုစတာများ၊ ဗီနိုင်းများကိုချိတ်ဆွဲရန် ကြိုးစားနေကြပြီဖြစ်ပါတယ်။

လီဗာပူးပရိတ်သတ်များက “ ဒါဟာ ယူနိုက်တက်ကစားသမားတစ်ယောက်ကို ဂုဏ်ပြုတာမဟုတ်ပါဘူး။ ကလေးသူငယ်တွေအပေါ် စာနာတတ်တဲ့ နှလုံးသားရှိတဲ့ လူသားတစ်ယောက်ကို ဂုဏ်ပြုတာပါ။

မားကပ်စ်ဟာ ဘောလုံးသမား တစ်ယောက်ထက် ပိုတဲ့ လူသား တစ်ယောက် ဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ပြုရမှာပါ ” ဟုမှတ်ချက်များ ရေးသားခဲ့ကြပါတယ် ။

နည်းပြ ကလောပ့်ကလည်း “ ပရိသတ်တွေ ကွင်းထဲပြန်ရောက်လာခဲ့ရင် အန်ဖီးလ်ကွင်းထဲမှာ လီဗာပူးပရိသတ်တွေ မတ်တပ်ရပ် ဂုဏ်ပြုပြီး လက်ခုပ်တီးခံရတဲ့ ကစားသမားက ပထမဆုံး ယူနိုက်တက်ကစားသမား က ရက်ဖိုဒ့်ဖြစ်လာပါလိမ့်မယ်။ သူက ဒီလို ဂုဏ်ပြုခံရဖို့ ထိုက်တန်တဲ့သူပါ” လို့ ချီးကျူးခဲ့ပါတယ်။