Spots news

ဟာဇက်ကို စိတ်ရှည်ပေးပါဟု နည်းပြဇီဒန်းတောင်းဆို

Unicode Version

ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းက ဟာဇက်အပေါ်ကို ယုံကြည်မှုပေးပြီး ပရိတ်သတ်များနဲ့အသင်းအဖွဲ့ဝင်များ အနေနဲ့ ကစားသမားအပေါ်မှာ စိတ်ရှည်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဟာဇတ်ဟာ ဘီလ်ဘာအိုကို ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ စပိန် စူပါဖလားပွဲကိုလည်း ပါဝင်ကစားခဲ့ပြီး ခြေစွမ်းမပြ နိုင်ခဲ့တာ‌ကြောင့် ဝေဖန်မှုတွေ ပိုမို ရရှိလာခဲ့ပါတယ်။

ဟာဇတ်ဟာ ဂျုဗင်တပ် ကိုပြောင်းရွေ့သွားတဲ့ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ နေရာကို အစားထိုးဖို့ ရီးရဲလ်မက်ဒရစ် သို့ စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့မျှော်လင့်တကြီး အားကိုးမှုကို ခံခဲ့ရသူပါ ။

သို့ပေမယ့် ဟာဇက်ဟာ ဒဏ်ရာပြသနာတွေ နဲ့ရုန်းကန်နေခဲ့ ရပြီး ယခု ရာသီမှာဆိုရင်လဲ ပြိုင်ပွဲစုံသွင်းဂိုး ၂ ဂိုးသာ ရရှိသေးတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ အဓိက ကစားသမား အဖြစ် ကစားခဲ့ပြီး ထိပ်တန်း ကစားသမား ဖြစ်‌ကြောင်းအကြိမ်ကြိမ် သက်သေပြခဲ့တဲ့ ဟာဇက်ဟာ ပရီးမီးယားလိဂ် ရဲ့အကောင်းဆုံး ကစားသမားဆုကိုလဲ ရရှိခဲ့ပါတယ် ။

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် ကို ရောက်ရှိပြီး ဒဏ်ရာမကြာခန ရရှိခဲ့ကာ အသင်းမှာ သာမန်ကစားသမား ရဲ့ခြေစွမ်း မျိုးသာ ပြသနိုင် ပါသေးတယ်။

နည်းပြဇီဒန်း ကတော့ ဟာဇက်ကို စိတ်ရှည်ပေးပြီး ကစားသမား ရဲ့ယုံကြည်မှု မြင့်မားစေဖို့ ရပ်တည် ပေးဖို့ လိုအပ်ကြောင်း ဘီဘာအိုနဲ့ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

“သူ ယုံကြည်မှု ပြန်ရဖို့ လိုအပ် နေပါတယ်၊ ပွဲကောင်း တစ်ပွဲ ဒါမှမဟုတ် သွင်းဂိုးတစ်ဂိုးလောက် ရခဲ့မယ် ဆိုရင်တော့ အားလုံးက ကွဲပြားခြားနား သွားမှာပါ၊ သူက ဘယ်လို ကစားသမားကောင်း လဲ ဆိုတာ ကျွန်တော်တို့ သိထားပြီး သူ့အပေါ် ကျွန်တော်တို့ စိတ်ရှည်ပေးဖို့ လိုအပ်ပါတယ်”

“သူ့နောက်မှာ ကျွန်တော်တို့ ရပ်တည် ပေးနေမှာပါ၊ ပြီးတော့ သူ့အတွက် အချိန်လည်း ပေးထားမှာပါ၊ ပရိသတ်တွေ ကလည်း အီဒင်ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ချင် နေတာကြောင့် စိတ်ရှည်ရှည် ထားရပါလိမ့်မယ်၊

ဒီနေ့ကတော့ အီဒင်ရဲ့နေ့မဟုတ်ခဲ့ပါဘူး၊ ကျွန်တော်တို့အားလုံး အတူတကွရှိနေကြမှာပါ’ လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။