Spots news

ကစားသမားဘဝကအနားယူပြီဖြစ်ကြောင်း ကြေငြာခဲ့တဲ့ ဝိန်းရွန်း‌နီ

Unicode Version

မန်ချက် စတာ ယူနိုက်တက် နဲ့ အဂ်လန် အသင်းခေါင်းဆောင် ဟောင်း ဝိန်းရွန်းနီက ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ တရားဝင် အနားယူလိုက်ပြီ ဖြစ်ကြောင်း‌ ကြေငြာလိုက်ပါတယ်။

အသက် ၃၅ အရွယ်သာ ရှိသေးပြီး သူဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အဂ်လန် အသင်း နှစ်သင်း စလုံးရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် နဲ့ ပရိတ်သတ် အများစု ရဲ့အချစ်တွေကိုသိမ်းပိုက် ထားတဲ့ ကစားသမားကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

လက်ရှိမှာ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ဒါဘီကောင်တီ ရဲ့အမြဲတမ်းနည်းပြ ရာထူးအတွက် အာရုံစိုက်ချင်တဲ့ အတွက် အနားယူလိုက်တာ ဖြစ်ကြောင်း ဝိန်းရွန်းနေ ကပြောကြားခဲ့ပါတယ်။

သူဟာ နိုဝင်ဘာလမှာ ကတည်းက ဒါဘီကောင်တီ ရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပြီးလက်ရှိမှာတော့ အမြဲတမ်း နည်းပြရာထူး အတွက် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဝိန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ၅၅၉ ပွဲ ပွဲထွက် ကစားခဲ့ပြီး၂၅၃ ဂိုးသွင်းယူပေးခဲ့ သူပါ။ အဓိက ဆုဖလားတွေ ဖြစ်တဲ့ ပရီးမီးယား လိဂ် ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလားတစ်ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ် ရယူခဲ့ပါ သေးတယ်။

ပေါက်ကွဲအား ပြင်းထန်တဲ့ သူရဲ့ကစားဟန်၊ နိုင်လိုစိတ်၊ မမောတန်းပြေးလွှား နေခဲ့တဲ့ သူ့ကို ဘောလုံး ပရိတ်သတ်တွေ မြက်ခင်းစိမ်းပေါ် မှာ ထပ်မံ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

အသင်း ရဲ့လိုအပ်ချက် အရ နေရာစုံ ဖြည့်ကစား ၊ တွဲ ကစားတဲ့ တိုက်စစ်မှူးတိုင်း ကို အကောင်းဆုံး ပံ့ပိုးပေး ရင်း သူ့ရဲ့ ယူနိုက်တက်ကစားသမား နောက်ပိုင်း အချိန်တွေဟာ အဖြည့်ခံရင်း ကုန်ဆုံးခဲ့ ရတယ်။ အသင်းဟောင်း အဲဗာတန် ကို ပြန်သွားခဲ့ရတယ်။မေဂျာလိဂ်ထိ သွားကစားခဲ့ ရတယ်။

သူနဲ့ တွဲကစားတဲ့ သူ့လောက် မကောင်းတဲ့တိုက်စစ်မှူး တွေကို ဖန်တီး ပေးရင်း ၊ လိုအပ်ရင် ခံစစ်ထိ ဆင်းကူရင်း သူ့ရဲ့ ကစားသမား နေဝင်ချိန် ဟာ သူ့လိုခြေ စွမ်း ၊ သူ့လို စိတ်ဓာတ်နဲ့ ကစားသမား အတွက်တော့ ‌စောတယ်လို့ပြောရပါမယ်။

အခု တော့ သူ ဟာ နည်းပြလောက ထဲသို့ ဝင်ရောက် လာခဲ့ပြီ ဖြစ် ပြီး သူ့လို စိတ်ဓာတ် ၊ သူ့ လို ပေါက်ကွဲ အားတွေ ၊ နိုင်လိုစိတ် ပြင်းထန်မှုတွေကို သူ့ ရဲ့ ကစားသမား တွေကို ရိုက်သွင်း ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။