Unicode Version
မန်ယူအသင်း ရဲ့တိုက်စစ် ကစားသမား မားကပ်ရက်ရှ်ဖိုဒ့် ကတော့ မန်ယူ အသင်းဟာ ပင်နယ်တီတွေ အတော်များများ ရနေခဲ့တယ်လို့ ဝေဖန်ခဲ့တဲ့ မော်ရင်ဟို အပေါ် တုံ့ပြန် သွားခဲ့ပြီး
ပင်နယ်တီဘယ်လို ရအောင် လုပ်ရမလဲ ဆိုတာကို မော်ရင်ဟိုကပဲ သင်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ချဲလ်ဆီး နည်းပြ လမ်းပတ် ကတော့ အသင်းသား တွေကို ဂိုးသွင်း ပြီးရင် အတူတကွ အောင်ပွဲမခံ ဖို့ တားမြစ် ထားတယ် လို့ ဆိုလိုက် ပါတယ်။
လက်ရှိမှာ ကိုဗစ် ကူးစက် ခံရမှု တွေများပြား လာတာကြောင့် အဲ့ဒီလို တားမြစ်မှုတွေရှိ လာခဲ့တာပဲ ဖြစ်ပါတယ်။
PSG အသင်း နဲ့ နည်းပြ ပိုချက်တီနို ကတော့ စပါးအသင်းရဲ့ကွင်းလယ် တိုက်စစ် ကစားသမား ဒယ်လီအလီကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီ ဖြစ်တယ် လို့ သိရပါတယ်။
လက်ရှိမှာ ကစားသမား ကလည်း အသင်း ပြောင်းချင် နေတယ်လို့ သိရပါတယ်။
ရီးရဲလ် အသင်းရဲ့တိုက်စစ် ကစားသမား လူကာဂျိုဗစ် ကတော့ အသင်းဟောင်း ဖရန့်ဖတ်အသင်းကို အငှား နဲ့ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
လိုက်ပ်ဇက် အသင်းကတော့ လက်ရှိမှာ ဥရောပထိပ်သီး အသင်းတွေ စိတ်ဝင်စားနေတဲ့ နောက်ခံကစားသမား အူပါမီကာနို ကို လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ရောင်းချဖို့ မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် လာမယ့်အပြောင်းအရွှေ့ မှာတော့ သူ့ကို ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
PSG အသင်းကတော့ အသင်းကြယ်ပွင့် နေမာနဲ့ အမ်ဘတ်ပီ ကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာဘဖော်ပြလာခဲ့ကြပြီပဲ ဖြစ်ပါတယ်။