Spots news

ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီကို ပြောင်းရွေ့ဖို့ ကြံရွယ်နေတဲ့ အီဂါလို

Unicode Version

ဇန်နဝါရီ အပြောင်းအရွေ့ကာလမှာ ယူနိုက်တက်နဲ့ အငှားစာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အီဂါလို ဟာ မေဂျာလိဂ်ကို ပြောင်းရွေ့ပြီး ဒေးဘစ်ဘက်ခမ်း ရဲ့ အင်တာ မိုင်ယာမီ အသင်းမှာ ကစားဖို့ ဆန္ဒရှိနေတယ် လို့ သိရပါတယ်။

အီဂါလို ကို မနှစ်က ဇန်နဝါရီ အပြောင်း‌ အရွေ့မှာ ဒဏ်ရာ ရရှိ နေတဲ့ တိုက်စ်မှူး မားကပ် ရပ်ရှ်ဖို့ ‌ရဲ့ နေရာမှာ ယာယီ အစားထိုး ဖို့ ရှန်ဟိုင်း ရှင်ဟွာအသင်း မှ အငှားဖြင့် ခေါ်ယူ ခဲ့တာ ဖြစ်ပြီး

ပထမ စာချုပ် ခြောက်လ ပြည့်မြောက် ပေမယ့် ကစားသမား က ဆက်ရှိ နေ ချင်သေးပြီး နည်းပြ နဲ့ ပရိတ်သတ် များကပါ အကြိုက် တွေ့တဲ့ သူဖြစ်လို့ စာချုပ် သက်တမ်း တိုးခဲ့ပါတယ်။

ESPN သတင်းဌာန နဲ့ အင်တာဗျူးမှာတော့ အီဂါလိုက “ မေဂျာလိဂ် ကို ကျွန်တော် ကြည့်နေတာ ကြာပါပြီ ။ တိုးတက်လာမယ့် အရိပ်အယောင်တွေ ရှိတဲ့ အတွက် ကျွန်တော် အဲ့ဒီမှာ ကစားချင်ပါတယ်။

“ အဲ့ဒီမှာ ကစားသမားကောင်း တွေ အများကြီးရှိနေ ပါတယ်။ ဂျူဗင်တပ်စ် က ဟီဂူဟင် တို့လို ကစားသမား တွေ အဲ့ဒီမှာ ကစားနေကြ ပြီလေ။ ဒေးဗစ်ဘက်ခမ်း ရဲ့ အင်တာမိုင်ယာမီ ကလဲ တိုးတက်နေတဲ့ ပုံစံ မြင်တွေ့ရတယ်။

အတွေ့ အကြုံရင့် ကစားသမား တစ်ယောက် အနေနဲ့ အခွင့်အရေး ရှိရင် အဲ့ဒီမှာ ကစားချင် ပါတယ် ” လို့ ပြောဆိုသွား ခဲ့ ပါတယ်။

ဒေးဘစ်ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီ အသင်းဟာ မေဂျာလိဂ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရ ပေမယ့် ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အီဂါလို ဟာ သူ့ရဲ့ ကစားသမား ဘဝအတွက် နယ်မြေသစ် ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် ရဲ့ ရှုံးထွက် ပွဲစဉ် ၊ ယူရိုပါလိဂ် ပွဲစဉ်တွေ မှာ ပါဝင် ကစားခွင့် ရခဲ့ ပေမယ့်

ရပ်ရှ်ဖို့ ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာ သလို ကာဗာနီ ကိုလည်း ခေါ်ယူ ခဲ့တာကြောင့် အီဂါလို ရဲ့ ပွဲကစားခွင့် ဟာ ဒီရာသီ မှာတော့ အလွန် နည်းပါး သွားခဲ့ရ ပါတယ် ။