Spots news

အသင်းမှာဆရာတင်ထားရတဲ့ စီနီယာနှစ်ယောက်ကိုပြောပြလိုက်တဲ့ ဒိုင်ယာလို

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက အတ္တလန္တာ အသင်းမှ လူငယ် တိုက်စစ် ကစားသမား အာမတ် ဒိုင်ယာလိုဆိုတဲ့

လူငယ် ကစားသမား လေးကို ပြောင်းရွေ့ ကြေး ပေါင် သန်း ၂၀ အထိ ပေးချေ ထားရ သလို အပို ဆုကြေး တွေ ပါ ပေါင်းထည့် လိုက် ပါက ပေါင် ၃၇ သန်း အထိ ရင်းနှီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြီး ခဲ့တဲ့ အပြောင်း အရွေ့ ကာလ က တည်းက အပြောင်း အရွေ့ ဖြစ် မြောက် ခဲ့ ပေ မယ့် အလုပ်ပါမစ် ကိစ္စ တွေ ကြောင့် အသင်းကို ချက်ချင်း လာ ရောက် မပူးပေါင်း နိုင် သေးတဲ့

ဒိုင်ယာလို လေး ကို သူ့ရဲ့ မိခင် ကလပ် ဖြစ်တဲ့ အတ္တလန္တာ မှာပဲ ဆက် ကစား စေခဲ့ပြီး ယခု ဇန်န ဝါရီ မှာတော့ ယူနိုက်တက် ကို ရောက်ရှိ လာခဲ့ တာပါ။

လက်ရှိ အချိန်မှာ ယူနိုက်တက် အသင်း နဲ့ အတူ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့်နေပြီဖြစ်ပြီး စီနီယာ ကစားသမား များဆီက ပညာဆည်းပူးလျက် ရှိနေပါတယ်။

ဒိုင်ယာလို အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ သူဆရာတင်ထားတဲ့ ကစားသမား နှစ်ယောက် အမည်ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

“ သေချာ ပါတယ် ၊ အဲရစ် ( ဘိုင်လီ ) က ကျွန်တော့် အတွက် တစ်ကယ့်ကို အကြံဉာဏ် ပေးနိုင်သူ ပါ ။

ကျွန်တော်နဲ့ယူနိုက်တက် တို့ သဘောတူညီမှု ရရှိပြီး ကတည်းက သူနဲ့အတူ online ပေါ်မှာ စကားပြော ဖြစ်နေပါတယ်။ တစ်နိုင်ငံတည်းသားလဲ ဖြစ်ပြီး သူက အရမ်း သဘောကောင်းတဲ့သူပါ ”

” ပေါပေါ့ဘာကလဲ ကျွန်တော့်ကို အကြံဉာဏ်တွေ ပေးပါတယ်။ သူက ပြင်သစ် နဲ့ အီတလီ စကားတွေ ပြောဆိုတတ်ပြီး ကျွန်တော့်အတွက် အကူအညီ ပေးနိုင် ပါတယ်။ ” ဟု ဒိုင်ယာလိုက ပြောဆို ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕ တုန္းက အတၱလႏၲာ အသင္းမွ လူငယ္ တိုက္စစ္ ကစားသမား အာမတ္ ဒိုင္ယာလိုဆိုတဲ့ လူငယ္ကစားသမား ေလးကို ေျပာင္းေ႐ြ႕ ေၾကး ေပါင္ သန္း ၂၀ အထိ ေပးေခ် ထားရ သလို အပို ဆုေၾကး ေတြ ပါ ေပါင္းထည့္ လိုက္ ပါက ေပါင္ ၃၇ သန္း အထိ ရင္းႏွီး ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ၿပီး ခဲ့တဲ့ အေျပာင္း အေ႐ြ႕ ကာလ က တည္းက အေျပာင္း အေ႐ြ႕ ျဖစ္ ေျမာက္ ခဲ့ ေပ မယ့္ အလုပ္ပါမစ္ ကိစၥ ေတြ ေၾကာင့္ အသင္းကို ခ်က္ခ်င္း လာ ေရာက္ မပူးေပါင္း နိုင္ ေသးတဲ့ ဒိုင္ယာလို ေလး ကို သူ႕ရဲ႕ မိခင္ ကလပ္ ျဖစ္တဲ့ အတၱလႏၲာ မွာပဲ ဆက္ ကစား ေစခဲ့ၿပီး ယခု ဇန္န ဝါရီ မွာေတာ့ ယူနိုက္တက္ ကို ေရာက္ရွိ လာခဲ့ တာပါ။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ အသင္း နဲ႕ အတူ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ေနၿပီျဖစ္ၿပီး စီနီယာ ကစားသမား မ်ားဆီက ပညာဆည္းပူးလ်က္ ရွိေနပါတယ္။ ဒိုင္ယာလို အေနနဲ႕ ေလ့က်င့္ေရးကြင္းမွာ သူဆရာတင္ထားတဲ့ ကစားသမား ႏွစ္ေယာက္ အမည္ကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

“ ေသခ်ာ ပါတယ္ ၊ အဲရစ္ ( ဘိုင္လီ ) က ကြၽန္ေတာ့္ အတြက္ တစ္ကယ့္ကို အႀကံဉာဏ္ ေပးနိုင္သူ ပါ ။ကြၽန္ေတာ္နဲ႕ ယူနိုက္တက္ တို႔ သေဘာတူညီမႈ ရရွိၿပီး ကတည္းက သူနဲ႕အတူ online ေပၚမွာ စကားေျပာ ျဖစ္ေနပါတယ္။ တစ္နိုင္ငံတည္းသားလဲ ျဖစ္ၿပီး သူက အရမ္း သေဘာေကာင္းတဲ့သူပါ ”

” ေပါေပါ့ဘာကလဲ ကြၽန္ေတာ့္ကို အႀကံဉာဏ္ေတြ ေပးပါတယ္။ သူက ျပင္သစ္ နဲ႕ အီတလီ စကားေတြ ေျပာဆိုတတ္ၿပီး ကြၽန္ေတာ့္အတြက္ အကူအညီ ေပးနိုင္ပါတယ္။ ” ဟု ဒိုင္ယာလိုက ေျပာဆို ခဲ့ပါတယ္။