Spots news

အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူမည့် နည်းပြမော်ရင်ဟို ရဲ့ စပါး

Unicode Version

Daily Mail သတင်းစာရဲ့ ဖော်ပြချက် အရ နည်းပြ‌ မော်ရင်ဟိုရဲ့ စပါးအသင်း ဟာ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ အဲရစ်တင်ကို ရာသီဝက် အငှားဖြင့် မြောက်လန်ဒန် အရပ်သို့ ခေါ်ယူရန် ကြိုးစား နေကြောင်း‌ ဖော်ပြသွား ပါတယ်။

အကယ်၍ သဘော တူညီမှုကို ဒီလ အတွင်းမှာပဲ ရ ရှိအောင် စပါးအသင်း ဘက်က ကြိုးစားသွားမည်‌ ဖြစ်ကြောင်း ရေးသား ထားပါတယ်။

အသက် ၂၈နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ စပါးအသင်း ကနေ အင်တာ မီလန် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဖြင့် ပြီးခဲ့တဲ့

၂၀၂၀ ခုနှစ် ဇန်နဝါရီလ အပြောင်း အရွှေ့က ပြောင်းရွှေ့ ခဲ့သူ ဖြစ်ပြီး အင်တာမီလန် အသင်း နဲ့ ၂၀၂၄ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်ကို ချုပ်ဆိုထား ပါတယ်။

အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေ တာကြောင့် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရသလို စီးရီးအေပွဲ ထွက်ခွင့် ၄၀ မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ‌၄ ကြိမ်သာ ပြုလုပ်ထား နိုင်ပါတယ်။

လက်ရှိ ဘောလုံးရာသီ မှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၁၃ မိနစ်သာ ကစား ခွင့် ရထား ပါတယ်။

လက်ရှိအချိန်မှာ အဲရစ်ဆင်ဟာ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ထွက်ခွာခွင့်ပေးဖို့ အင်တာမီလန် အသင်းထံ တောင်းဆို ထားတာ ဖြစ်ပြီး

အသင်းကလဲ လုံလောက်တဲ့ ကမ်းလှမ်းမှု တစ်ခုသာ ရမယ် ဆိုရင် အသင်းကနေ ထွက်ခွာခွင့် ပေးမည် ဖြစ်ကြောင်း သတင်းများ အရသိရပါတယ်။

အဲရစ်ဆင်ကို အာဆင်နယ် ၊ ဝုဗ် နဲ့ ရီးရဲလ်မက် ဒရစ် တို့က ခေါ်ယူရန် စိတ်ဝင်စား နေကြပြီး တစ်နှစ် ယူရို ၆ သန်းကျော် ရရှိတဲ့

အဲရစ်ဆင်ရဲ့ လစာကသာ အဓိက ဆွေးနွေး ရ တော့မှာ ဖြစ်ကြောင်း သတင်းထောက် ဖာဘရီဇီယို ရိုမာနို က ခိုင်မာစွာ ရေးသား ဖော်ပြ ထားပါတယ် ။

စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ မော်ရင်ဟို ဟာ အသင်းမှာ အဆင်မပြေတဲ့ ကွင်းလယ်လူ ဖြစ်သူ အလီ ကို

ပီအက်စ်ဂျီ အသင်းထံ‌ ရောင်းချချင် နေတာကြောင့် အသင်းရဲ့ ကွင်းလယ်လူ ဟောင်း တစ်ဦး ဖြစ်တဲ့ အဲရစ်ဆင်ကို ပြန်လည် ခေါ်ယူရန် ကြိုးပမ်းခြင်း ဖြစ်ပါတယ်။

Zawgyi Version

Daily Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ နည္းျပေမာရင္ဟိုရဲ႕ စပါးအသင္းဟာ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ အဲရစ္တင္ကို ရာသီဝက္အငွားျဖင့္ ေျမာက္လန္ဒန္အရပ္သို႔ ေခၚယူရန္ ႀကိဳးစားေနေၾကာင္း‌ ေဖာ္ျပသြား ပါတယ္။ အကယ္၍ သေဘာတူညီမႈကို ဒီလအတြင္းမွာပဲ ရရွိေအာင္ စပါးအသင္းဘက္က ႀကိဳးစားသြားမည္‌ ျဖစ္ေၾကာင္း ေရးသားထားပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ဟာ စပါးအသင္းကေန အင္တာမီလန္ အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္း ျဖင့္ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕က ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး အင္တာမီလန္ အသင္းနဲ႕ ၂၀၂၄ ခုႏွစ္ အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္ တစ္ရပ္ကို ခ်ဳပ္ဆိုထား ပါတယ္။

အဲရစ္ဆင္ဟာ အင္တာမီလန္ အသင္းရဲ႕ နည္းျပျဖစ္သူ ကြန္တီနဲ႕ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္ ပြဲထြက္ခြင့္ေတြ ေပ်ာက္ဆုံးခဲ့ရသလို စီးရီးေအပြဲထြက္ခြင့္ ၄၀ မွာ သြင္းဂိုး ၄ ဂိုးနဲ႕ ဖန္တီးမႈ ‌၄ ႀကိမ္သာ ျပဳလုပ္ထားနိုင္ပါတယ္။ လက္ရွိ ေဘာလုံးရာသီ မွာလည္း အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၅၁၃ မိနစ္သာ ကစားခြင့္ ရထားပါတယ္။

လက္ရွိအခ်ိန္မွာ အဲရစ္ဆင္ဟာ ယခုႏွစ္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ အတြင္းမွာ ထြက္ခြာခြင့္ေပးဖို႔ အင္တာမီလန္ အသင္းထံ ေတာင္းဆို ထားတာျဖစ္ၿပီး အသင္းကလဲ လုံေလာက္တဲ့ ကမ္းလွမ္းမႈ တစ္ခုသာ ရမယ္ ဆိုရင္ အသင္းကေန ထြက္ခြာခြင့္ ေပးမည္ ျဖစ္ေၾကာင္း သတင္းမ်ား အရသိရပါတယ္။

အဲရစ္ဆင္ကို အာဆင္နယ္ ၊ ဝုဗ္ နဲ႕ ရီးရဲလ္မက္ ဒရစ္ တို႔က ေခၚယူရန္ စိတ္ဝင္စားေနၾကၿပီး တစ္ႏွစ္ ယူရို ၆ သန္းေက်ာ္ ရရွိတဲ့ အဲရစ္ဆင္ရဲ႕ လစာကသာ အဓိက ေဆြးေႏြးရေတာ့မွာ ျဖစ္ေၾကာင္း သတင္းေထာက္ ဖာဘရီဇီယို ရိုမာနို က ခိုင္မာစြာ ေရးသားေဖာ္ျပထားပါတယ္ ။

စပါးအသင္းရဲ႕ နည္းျပျဖစ္သူ ေမာ္ရင္ဟိုဟာ အသင္းမွာ အဆင္မေျပတဲ့ ကြင္းလယ္လူ ျဖစ္သူ အလီကို ပီအက္စ္ဂ်ီ အသင္းထံ‌ ေရာင္းခ်ခ်င္ေနတာေၾကာင့္ အသင္းရဲ႕ ကြင္းလယ္လူေဟာင္း တစ္ဦးျဖစ္တဲ့ အဲရစ္ဆင္ကို ျပန္လည္ေခၚယူရန္ ႀကိဳးပမ္းျခင္း ျဖစ္ပါတယ္။