Spots news

တန်ကြေးအမြင့်ဆုံး ကွင်းလယ်ကစားသမား ဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

ဘောလုံးသမား တွေရဲ့ အချက်အလက် တွေကို ဖော်ပြတဲ့ CIES ရဲ့ တွက်ချက်မှူ အရ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ ကမ္ဘာ့တန်ကြေး အမြင့်မားဆုံး ကွင်းလယ် ကစားသမား ဖြစ်ကြောင်း ဖော်ပြ လာခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ စပို့တင်း မှ မန်ချက်စတာ ယူနိုက်တက် သို့  ပေါင် ၆၇ သန်း ဖြင့် ပြောင်းရွေ့ လာခဲ့သူ ဖြစ်််ပေမယ့် ဆက်တိုက် ခြေစွမ်း ပြသ နေခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ များထဲမှ တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ ရပါတယ်။

လက်ရှိ အချိန်မှာ ဘရူနို ဖာနန်ဒက်စ် ရဲ့  တန်ကြေးဟာ ပေါင်သန်း ၁၅၀ ကျော် ရှိနေခဲ့ပြီဖြစ် ကြောင်း CIES က တရားဝင် ထုတ်ပြန်သွား ခဲ့ပါတယ် ။ အကောင်းဆုံး ဆုတွေလဲ မကြာခန ရရှိတာကြောင့် သူ့ရဲ့တန်ကြေး ကလည်း ဆက်တိုက် မြင့်တက် လာခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ် မနှစ်က ဇန်နဝါရီ အပြောင်းအရွေ့ ကာလ မှ ယူနိုက်တက် သို့ ရောက်ရှိ လာပေမယ့် ပြိုင်ပွဲ စုံ ၄၈ ပွဲ ပါဝင် ကစားခဲ့ရာ မှာတော့ သွင်းဂိုး ၄၄ ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက် နေခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်၂၇ ဂိုး သွင်းယူပေးခဲ့ ပြီး အသင်းဖော် တွေကိုတော့ ၁၇ ဂိုးဖန်တီး ပေးနိုင် ခဲ့တာပါ။

ဒါ့ အပြင် ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆု ရရှိခဲ့တဲ့ အတွက် ပရီးမီးယား လိဂ် ပြိုင်ပွဲ တစ်လျှောက် ပြက္ခဒိန်နှစ် တစ်နှစ် အတွင်းမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို ၄ ကြိမ် တိုင်တိုင် ရရှိခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ကွင်းလယ်ကစားသမား စာရင်းမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက် မှာတော့ ပေါင် ၉၁.၄ သန်း ဖြင့် ချဲလ်ဆီး ကစား သမား မေဆန်မောင့် က ရပ်တည်နေပြီး  တတိယ နေရာမှာ ဘာစီလိုနာမှ ဒီဂျောင် က ပေါင် ၉၁ သန်း ဖြင့် ရပ်တည် နေပါတယ်။