Spots news

မန်ယူ အနေနဲ့ အပေါ်သင်း အောက်သင်းတွေးနေရင် မှားသွားလိမ့်မယ် – ကလော့ပ်

Unicode Version

တနဂ်နွေနေ့ ရဲ့ ပွဲကြီးပွဲကောင်း ဖြစ်တဲ့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တို့ ရဲ့ ပွဲမတိုင်ခင် တစ်သင်းနဲ့တစ်သင်း စကားစစ်ထိုး စိတ်ဓာတ် စစ်ဆင်ရေး တိုက်ပွဲများ ကလဲပြင်းထန် လာ ပါတော့တယ်။

ပုံမှန်ထက် ပို ပြင်းထန် တဲ့ အကြောင်း အရင်းကတော့ အဆိုပါ ပွဲစဥ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေး ဇယား ရဲ့ ထိပ်ဆုံး နေရာ ကို ယှဉ်ပြိုင်လု ကြမယ့် ပွဲဖြစ်ပြီး ယှဉ်ပြိုင်မယ့် နှစ်သင်း ဟာလဲ သမိုင်း အဆက်ဆက် ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ဖြစ်နေလို့ ပါပဲ။

နည်းပြခြင်း စကား စစ်ထိုးမှု တွေ နဲ့ အတူ လီဗာပူးနည်းပြ ကလောပ့် ကတော့ လက်ရှိ အချိန်မှာ ယူနိုက်တက် အနေနဲ့ အဆင့်တစ် နေရာကို ရောက် နေပေမယ့် လီဗာပူး အသင်း နဲ့ တွေ့ဆုံမှုမှာ အောက် အသင်း အပေါ်အသင်း စဉ်းစား နေရမယ့် အချိန် မဟုတ် ကြောင်း သတိပေး လိုက်ပါတယ်။

နည်းပြ ကလော့ပ် က “ အဂ်လန်ကို ရောက်တဲ့ ငါးနှစ် အတွင်းမှာ မန်ယူ နိုက်တက် က ဘယ်တော့မှ အောက် အသင်း မဖြစ် ခဲ့ဘူး ။ ဖြစ်လဲ မဖြစ် နိုင်ဘူး ။ သူတို့မှာ လူကောင်းတွေ အမြဲရှိ နေပြီး၊  မန်နေဂျာ ကောင်းနဲ့ နည်းပြကောင်း တွေလည်း အမြဲ ရှိနေတတ် ပါတယ်။ အခုတော့ သူတို့ ဇယား ထိပ်ဆုံးမှာ ရောက်နေ ပါပြီ ။

ဒါပေမယ့် ဒါက အန်ဖီးလ် ပါ ။ သူတို့ ကျွန်တော်တို့ အထက်မှာ ရောက်နေလို့ ကျွန်တော်တို့ ထက် သာတယ် လို့ မမြင်ပါဘူး။ ယူနိုက်တက် အနေနဲ့ အပေါ်သင်း အောက် သင်း တွေးမိရင် မှား သွားပါလိမ့် မယ် ။

ဒီပွဲမှာ ကျွန်တော်တို့ လွှမ်းမိုးနိုင် ရပါလိမ့် မယ်။ ကျွန်တော်တို့ တွေးရမှာ ကစားကွက်အကြောင်းပါ ။ ဘယ်အသင်း က အောက်အသင်းလည်း ဆိုတာ မဟုတ်ပါဘူး။

လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ တွေ့တဲ့ပွဲ ဆိုတာ အမြဲတမ်း ပွဲကြီး ပွဲကောင်း ပါပဲ။
ကျွန်တော်သာ ဆို ကမ္ဘာကြီးရဲ့ ဘယ်နေရာ မှာရောက်နေ ပါစေ ဒီပွဲကို မလွတ်တမ်း ကြည့်မှာပါ ” ဟု ပြောကြား သွားခဲ့ ပါတယ်။