Spots news

ဟာဇတ်ကို ရောင်းချပြီး ကစားသမားသစ်ခေါ်ရန် ရီးရဲလ် ပရိတ်သတ်များ တောင်းဆို

Unicode Version

စပိန် နာမည် ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Marca ဟာ သူတို့ သတင်းဌာန ရဲ့ ဝက်ဆိုဒ်မှာ ရီးရဲလ် မက်ဒရစ် ကစားသမား ဟာဇက် နဲ့ ပတ်သက် ပြီး စစ်တမ်း တစ်ခု ကောက်ယူ ခဲ့ရာ ရီးရဲလ် မက်ဒရစ် ပရိသတ် များ ဝင်ရောက်ဖြေဆို ခဲ့ကြ ပါတယ်။

အဆိုပါ စစ်တမ်းမှာ ရီးရဲလ် မက်ဒရစ် အနေနဲ့ ဟာဇက် ကို ရောင်းချ ပြီး ကစားသမား သစ် ခေါ်ရန် မဲပေးသူက ၄၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ၂၅ ရာခိုင်နှုန်း က တော့ ဟာဇက်ကို ပွဲထွက် လူစာရင်းမှာ အသုံး မပြုပဲ လူစားဝင် ကစားသမား အဖြစ်သာ ထားရှိ သင့်တယ် ဆိုပြီး မဲပေးခဲ့ ကြပါတယ်။

ဖြေဆိုသူ အားလုံးရဲ့ ၂၆ ရာခိုင်နှုန်း ကတော့ ရီးရဲလ်မက်ဒရစ် အနေ နဲ့ ဟာဇက် ကို အသုံးမပြုတော့ သင့်ကြောင်း ဖြေဆိုခဲ့ပြီး ၅ ရာခိုင်နှုန်း ကတော့ ရီးရဲလ် မက်ဒရစ် အနေနဲ့ ဟာဇက် နဲ့ လိုက်ဖက် တဲ့ ကစားကွက် ကို ပြောင်းလဲ သင့်ကြောင်း ဖြေဆိုခဲ့ တာပါ။

ဖြေဆိုသူ ရီးရဲလ် မက်ဒရစ် ပရိတ်သတ် အများစု ကတော့ ဟာဇက် ကို ရောင်းချ သင့်ကြောင်း ပြောဆို ခဲ့ ကြပေမယ့် ရီးရဲလ် မက်ဒရစ် နည်းပြ ဇီဒန်းကတော့ ဟာဇက်ကို ယုံကြည်မှုပေးပြီး ကစားသမား ဘက်က ရပ်တည် ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

ချဲလ်ဆီးမှာ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ ဟာဇက်ဟာ ထိပ်တန်း ကစားသမား ဖြစ်‌ကြောင်းအကြိမ်ကြိမ် သက်သေ ပြခဲ့ပြီး ပရီးမီးယား လိဂ် ရဲ့အကောင်းဆုံး ကစားသမားဆုကိုလဲ ရရှိခဲ့ ပေမယ့် ရီးရဲလ် မက်ဒရစ် ကို ရောက်ရှိပြီး ဒဏ်ရာမကြာခန ရရှိခဲ့ကာ အသင်းမှာ သာမန်ကစားသမား ရဲ့ခြေစွမ်း မျိုးသာ ပြသနိုင် ပါသေးတယ်။