Spots news

ဂရင်းဝုဒ် ရှိနေသ၍ ဟာလန်းကို ငွေကုန်ခံ ခေါ်နေစရာမလိုပါဘူး – ဘာဘာတော့ဗ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဘာဘာတော့ဗ် ကတော့ ယူနိုက်တက် အနေနဲ့ ဇန်နဝါရီ မှာ တိုက်စစ်မှူး ရှာဖွေဖို့ မလိုအပ် ကြောင်း ပြောဆို လိုက်ပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ တိုက်စစ် ကို အင်အား ထပ်မံ ဖြည့်ဖို့ ယူနိုက်တက် ဟာ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း ကို စိတ်ဝင်စား နေတာ ဖြစ်ပါတယ်။

ဒေါ့မွန် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်ပြီး လက်ရှိ ဘောလုံး ရာသီ ပြိုင်ပွဲ စုံမှာ ၁၄ ပွဲ ပါဝင် ကစား ထားပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူ ထားကာ ဂိုး ဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ် ထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

သို့ပေမယ့် သရဲနီဟောင်း ကတော့ ဟာလန်း‌ကို ခေါ်ယူဖို့ထက် ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဂရင်းဝုဒ် တို့ဖြင့် အကောင်းဆုံး တိုက်စစ် ရပ်ဝန်း တစ်ခု တည်ဆောက် စေချင်နေတာ ဖြစ်ပါတယ်။ နည်းပြ ဆိုလ်းရှား အနေနဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် ကို ပွဲကစားချိန် ပိုမိုပေးသင့်ပြီး ဂရင်းဝုဒ် ဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်လာနိုင်ကြောင်း ဘာဘာတော့ဗ် က ပြောကြားခဲ့တာပါ ။

“ဟာလန်းက တကယ်ကောင်းတဲ့ ကစားသမားပါ။ သူဟာ ငယ်ရွယ်ပြီး ရှေ့လျှောက် ကစားရမယ့် နှစ်တွေ အများကြီး ကျန်ပါသေးတယ်။ သူသွင်းယူထားတဲ့ လက်ရှိ ဂိုး အရေအတွက် က မယုံနိုင် စရာပါပဲ။ သူဟာ ယူနိုက်တက် မှာလည်း အကောင်းဆုံး ခြေစွမ်းပြ နိုင်ပါ လိမ့်မယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ အတွက် ငွေအများကြီး သုံးရပါ လိမ့်မယ်”

” ဒါပေမယ့် ဂရင်းဝုဒ် က ဒီထက်ပိုပြီး တိုးတက်ကောင်မွန် လာနိုင် တယ်‌လေ။ သူဟာ ကျွန်တော်အရမ်း ကြိုက်တဲ့ ကစားသမားပါ။ သူဟာ ငယ်ရွယ်သေး သလို ကွင်းအတွင်း ခြေစွမ်းပြလာနိုင် တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ နည်းပြ ဆိုလ်းရှား အနေနဲ့ သူ့ကို ပွဲကစားချိန် များများ ပေးပြီး သက်သေပြဖို့ အခွင့်အရေး တွေအများကြီး ပေးဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်”

“အချိန်ပေး မကြည့်ဘဲနဲ့တော့ ဘာမှမသိနိုင်ဘူးလေ။ ဂရင်းဝုဒ် ရှိနေသ၍ ဟာလန်းကို ငွေကုန်ခံပြီး ခေါ်ယူ ဖို့ မလိုပါဘူး ။ဂရင်းဝုဒ်ဟာ တကယ်ကောင်းတဲ့ ကစားသမား အဖြစ် ယူနိုက်တက် အတွက် ရှိလာမှာပါ ” ဟု ဘာဘာတော့ဗ်က ပြောဆို ခဲ့ပါတယ်။