Spots news

ဇန်နဝါရီ အတွက် ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူးများ

Unicode Version

ဘာစီလိုနာ အသင်းနည်းပြ ကိုးမန်း က လက်ရှိ အသင်း ၏ လိုအပ်ချက် မှာ တိုက်စစ် မြားဦးတွင် ကစားနိုင်မည့် တိုက်စစ်မှူး စစ်စစ် တစ်ဦးဖြစ် ကြောင်း ထုတ်ဖော် ပြောဆို လိုက်ပြီး ဥက္ကဌအသစ် ရွေးကောက်ပွဲ အပြီး မှာ အသင်း လိုအပ်နေသော တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွား မည် ဖြစ်ကြောင်း သတင်းများ အရ သိရပါတယ်။

၁။ ဟာလန်း
ဘာစီလိုနာ လိုအပ်ချက် နှင့် ကွက်တိ ကျသော ကစားသမား ဖြစ် ပေမယ့် ဟာလန်း ကို ခေါ်ယူရေး နှင့် ပတ်သက်၍ အဓိက ပြဿနာ တစ်ခုမှာ အသင်း ရဲ့ ငွေကြေး အကျပ် အတည်း ဖြစ်ပါတယ် ။ ဟာလန်းဟာ ပြောင်းရွှေ့ကြေး မြင့်မားသည့် ကစားသမား တစ်ဦး ဖြစ်ပြီး ဥရောပအသင်း ကြီး အများအပြား ကလည်း ခေါ်ယူရန် ကြိုးပမ်း နေတဲ့ ကစား သမား ဖြစ် ပါတယ်။

၂။ လော်တာရို မာတီနက်ဇ်
အင်တာ မီလန် အသင်း ရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ဘာစီလိုနာ သို့ ပြောင်းရန် အကြီး အကျယ် ချိတ်ဆက် ခဲ့ဖူး ပါတယ် ။ တိုက်စစ် မြားဦး အနေ ဖြင့် လည်းကောင်း၊ နောက်ချန် တိုက်စစ်မှူး အနေဖြင့် လည်းကောင်း ကစားနိုင် ပေမယ့် ပြောင်းရွှေ့ ကြေး ပေါင် သန်း ၇၀ ခန့် ရှိပြီး ငွေကြေး အကျပ် အတည်း ကြားတွင် ခေါ်ယူ ရန် ခက်ခဲ လျက် ရှိပါတယ်။

၃။ အလက်ဇန်းဒါး အိုက်ဆက်
အသက် ၂၁ နှစ် အရွယ်ရှိ အိုက်ဆက် ဟာ ပြီးခဲ့သော ဘောလုံး ရာသီက ခြေစွမ်း ပြပြီး ၉ ဂိုး သွင်းယူ နိုင်ခဲ့ ပေမယ့် ယခုနှစ် တွင်မူ ယခင်နှစ်လောက် ခြေစွမ်း ပြနိုင်ခြင်း မရှိ ဖြစ်နေ ပါတယ်။ အိုက်ဆက် ရဲ့ ပြောင်းရွေ့ ကြေး ဟာ ပေါင် ၂၅ သန်း ခန့် ရှိ နိုင်ပါတယ်။

၄။ မက်ဆီ ဂိုးမက်ဇ်
အလားအလာ ကောင်း သော တိုက်စစ်မှူ းတစ်ဦး ဖြစ်ပြီး ရှေ့တန်းတွင် အထောင်ဘတိုက်စစ်မှူးစစ်စစ် အဖြစ် ကစားနိုင် ပါတယ်။ ဘာစီလိုနာအသင်း ၏ ပစ်မှတ် ဖြစ်နေ ရခြင်း အကြောင်းတစ်ချက် မှာ ဈေး သက်သာစွာ ဖြင့် ခေါ်ယူနိုင်သော ကြောင့် ဖြစ်ပါတယ်။ ဂိုးမက်ဇ် ရဲ့ တန်ကြေး ကို ပေါင် ၃၂ သန်း သတ်မှတ်ထား သော် လည်း လက်ရှိ ဗလန်စီယာ အသင်း ရင်ဆိုင် နေရသော ငွေကြေး အကျပ် အတည်း ကြောင့် သတ်မှတ် တန်ကြေးထက် လျှော့၍ ရောင်းချ နိုင်ကြောင်း သိရ ပါတယ်။