Spots news

နှုတ်ဆက်ဖို့ သေချာ သွားတဲ့ အိုဇေးလ် နဲ့ သတင်းတိုများ

Unicode Version

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်တဲ့ မီဆွတ် အိုဇေးလ် ကတော့ အသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း ၆လကို ဖျက်သိမ်းကာ လာမယ့် တနင်္လာနေ့မှာ ဖီနာဘာချီအသင်းထံ ၃နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

အိုဇေးလ်ဟာ မနက်ဖြန်မှာတော့ အာဆင်နယ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ကာ အသင်းဖော်တွေကို နှုတ်ဆက်တော့မှာပါ။

ရီးရဲလ်အသင်းရဲ့ကွင်းလယ်ကစားသမားကြီး မိုဒရစ်ကတော့ သူနဲ့ ရီးရဲလ်ကြားမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုရှိနေတယ်လို့ အတည်ပြုသွားခဲ့ပြီး အခြေအနေအားလုံးလည်း ကောင်းမွန်နေတယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ပါတေးဟာ အသင်းဖော်တွေကို ပိုမိုတိုးတက်စေတဲ့ကစားသမားမျိုးဖြစ်ပြီး ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ဆိုလိုက်ပါတယ်။

ဘာကာအသင်းဟာ မန်စီးတီးကစားသမား အဲရစ်ဂါစီယာကို ဒီလထဲမှာပဲ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြလာခဲ့ကြပြီပဲဖြစ်ပါတယ်။

Zawgyi Version




