Spots news

လီဗာပူး ဘာလဲ မန်ယူဘာလဲ ပြမဲ့ပွဲမှာ ဂိုးအောက်ကို ပိုသဘောကျတယ်

Unicode Version

တနဂ်နွေ နေ့ ကို ပွဲဆူ သွားစေမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ အဂ်လန် ဒါဘီ သို့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရဲ့ ပွဲစဉ် ဟာ တနဂ်နွေ ည 11 နာရီ အချိန်မှာ ရောက်ရှိ လာတော့ မှာပါ။ အခါး သီးဆုံး ပြိုင်ဘက် နှစ်သင်းရဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာ လုမယ့်ပွဲ ဟာ အတော်ပင် ကြုံတောင့် ကြုံခဲ ဖြစ်ပြီး နှစ်ဖက်လုံး အစွမ်းကုန် ရုန်းကြမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက် ဟာ လီဗာပူး ထက် 3 မှတ် အသာစီး ရရှိပြီး အမှတ်ပေး ဇယား ကို ဦးဆောင် ထားကာ ၊ လီဗာပူး က ဒုတိယ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် တို့ အနေနဲ့  အန်ဖီးလ် မှာ အနိုင် ( သို့ ) သရေ ရလဒ် ရယူ နိုင်ခဲ့မယ် ဆိုရင် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ခွင့် ရရှိမှာ ဖြစ်ပြီး ရာသီဝက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် ကိုလည်း ပိုင်ဆိုင် သွားမှာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိူက်တက် အနေနဲ့ ဂိုးသမား ဒီဂီယာ ပါဝင် လာမှာ ဖြစ်ပြီး မက်ဂွိုင်းယား ဦးဆောင် တဲ့ ခံစစ်မှာ ဘိုင်လီ ၊ လုရှော နဲ့ ဘစ်ဆာကာ တို့ရဲ့ နောက်တန်း ဟာ အတော်အသင့် စိတ်ချ ရကောင်း နိုင်ပါတယ်။

ပရီးမီးယား လိဂ်ရဲ့ တလ တာ အကောင်း ဆုံး ဆု ကို လေးကြိမ်ထိ ရရှိ ထားတဲ့ ဘရူနို နဲ့ ပေါ့ဘာ တို့ရဲ့ ကွင်းလယ်အား က လီဗာပူး ကွင်းလယ် ထက် အနည်းငယ် တော့ သာလွန်နေ ပါတယ်။ တိုက်စစ်က အခွင့် အရေး များများ ရရှိ နိုင်ပြီး မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ကာဗာနီ တို့သာ အပိုင် အခွင့် အရေး ကို ဖြုန်းတီး မပစ်ရင် ယူနိုက်တက် အနေနဲ့ အနိုင် ရလဒ်ကို ကြိမ်းသေ မျှော်မှန်း နိုင်မှာပါ။

လက်ရှိ ချန်ပီယံ လီဗာပူး ကတော့ ပရီးမီးယား လိဂ် နောက်ဆုံး သုံးပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံး ထား တာ ဖြစ်ပြီး အမှတ် တွေကို ဖြုန်းတီး ထားပါ တယ်။ သိုပေမယ့် အမုန်းတီး ဆုံး ပြိုင်ဘက် အတွက် အကောင်း ဆုံး ယှဉ်ပြိုင် လာမှာပါ ။ လီဗာပူး ရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက် လဲ မပါဝင် နိုင်သေး တော့ ခံစစ် အနည်းငယ် အားနည်း နေမှာ ဖြစ်ပါတယ်။

ဒဏ်ရာ ပြသနာတွေ က ဒီရာသီ လီဗာပူး ကို နှိပ်စက် နေသလို အကယ် ၍ ရှုံးနိမ့် ခဲ့ရင် အဆင့် 7 နေရာ အထိ ရောက်ရှိ သွားနိုင် သောကြောင့် ရှိသမျှလူနဲ့ အကောင်းဆုံး ပွဲထွက် လာမှာ ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့လဲ  ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဆု ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ အညီ ဘာတွေ လုပ်ပြ လာမလဲ စောင့်ကြည့် ရမှာပါ။

မန်ယူ နိုက်တက် အနေ နဲ့ ရှုံးနိမ့် ခဲ့ရင့် လီဗာပူးနဲ့ အမှတ် တူ အဆင့် နှစ် သို့ ဆင်းပေး ရမှာ ဖြစ်ပေမယ့် လီဗာပူး သာ ရှုံးနိမ့် ခဲ့ရင် အဆင့် 7 လောက်ထိ ရောက်ရှိ နိုင်ပြီး မန်ယူ နဲ့ ခြောက်မှတ် ထိ ကွာဟ သွားမှာ ပါ။ ဒီရာသီမှာ လီဗာပူး ဟာ အိမ်ကွင်း ရှုံးပွဲ မရှိသေး သလို မန်ယူ နိုက်တက် ကလဲ အဝေးကွင်း ရှုံးပွဲ မရှိသေး ပါဘူး။

သို့ပေမယ့် လက်ရှိ အချိန်မှာ ကစား သမား အင်အား တောင့်တင်း နေပြီး ဖိအားနည်း ၊ စိတ်ဓာတ် ပိုင်းလဲ အသာစီး ရနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲကို အနိုင်ရ ရှိသွား နိုင်ပါတယ်။ ဒါပေမယ့် ဒါက အန်ဖီးလ် ပါ။ ကလော့ပ် ကလဲ ဆိုးလ်ရှားထက် ဇ ပြင်းသူ မို့ ဒီည ပွဲက ရင်ခုန် စရာ တွေ ပြည့်နှက် နေပါတယ်။

လီဗာပူးရဲ့ ခံစစ် ပြသနာကြောင့် ယူနိုက်တက် ဂိုးအရင် ရခဲ့ရင် ထိန်းကစားသွား ဖွယ်ရာ ရှိပြီး လီဗာပူး တိုက်စစ် ကလဲ ပရီးမီးယား လိဂ် မှာ ဂိုးပေါက် ပျောက် နေတာ ဖြစ်လို့ ဂိုးအောက်ဘက် မှာ နေသင့် ပါတယ်။