Spots news

ဂျူဗင်တပ် နဲ့ စာချုပ်သက်တမ်း တိုးမည့် ရော်နယ်ဒို နဲ့ မနက်ခင်း သတင်းများ

Unicode Version

သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး ရော်နယ်ဒိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ၂၀၂၂ နွေရာသီမှာ လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် သတင်းတွေကတော့ ၂၀၂၃ အထိ အသင်းမှာ ဆက်ကစားဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဝေးလ်စ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို

အသင်းနဲ့ အငှားသက်တမ်း ပြည့်မြောက်ချိန် နောက်ထပ်အငှားသက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ပဲ သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဆီကိုပဲ ပြန်လည်ပို့ဆောင်တော့မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ညာနောက်ခံကစားသမား အယ်ဗာရိုအော်ဒရီယိုဇိုလာနဲ့ လက်တွဲဖြုတ်ချင်နေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး

ယူရိုသန်း(၂၀)လောက်အထိ ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ အဆင်သင့်ရှိနေတယ်လို့ စပိန်နာမည်ကျော်သတင်းစာ Mundo Deportivo ကနေ ဖော်ပြထားခဲ့ပါတယ်။

ဂျာမနီကွင်းလယ်လူ မက်စ်မေယာဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၆လ အလိုမှာပဲ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပဲလေ့စ်အသင်းက အတည်ပြုကြေညာပါတယ်။

Zawgyi Version

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဟာ တိုက္စစ္မႉး ေရာ္နယ္ဒိုကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
အသက္ ၃၆ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒိုဟာ ၂၀၂၂ ေႏြရာသီမွာ လက္ရွိစာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ သတင္းေတြကေတာ့ ၂၀၂၃ အထိ အသင္းမွာ ဆက္ကစားဖြယ္ရွိေနတယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

စပါးအသင္းဟာ ဒီႏွစ္ေဘာလုံးရာသီကမွ ရီးရဲလ္မက္ဒရစ္အသင္းကေန တစ္ရာသီအငွားစာခ်ဳပ္နဲ႕ ေခၚယူထားခဲ့တဲ့ ေဝးလ္စ္ေတာင္ပံတိုက္စစ္ကစားသမား ဂါရတ္ေဘးလ္ကို အသင္းနဲ႕ အငွားသက္တမ္း ျပည့္ေျမာက္ခ်ိန္ ေနာက္ထပ္အငွားသက္တမ္းတိုးဖို႔ အစီအစဥ္မရွိေတာ့ပဲ သူရဲ႕မူလကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္ဆီကိုပဲ ျပန္လည္ပို႔ေဆာင္ေတာ့မယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ညာေနာက္ခံကစားသမား အယ္ဗာရိုေအာ္ဒရီယိုဇိုလာနဲ႕ လက္တြဲျဖဳတ္ခ်င္ေနၿပီး ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း(၂၀)ေလာက္အထိ ရရွိမယ္ဆိုရင္ ေရာင္းခ်သြားဖို႔ အဆင္သင့္ရွိေနတယ္လို႔ စပိန္နာမည္ေက်ာ္သတင္းစာ Mundo Deportivo ကေန ေဖာ္ျပထားခဲ့ပါတယ္။

ဂ်ာမနီကြင္းလယ္လူ မက္စ္ေမယာဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၆လ အလိုမွာပဲ အသင္းနဲ႕ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း ပဲေလ့စ္အသင္းက အတည္ျပဳေၾကညာပါတယ္။