Spots news

လတ်စတာက ဖိုဖာနာ ဆိုရင်ယူနိုက်တက်အတွက် အကောင်းဆုံးပါ – ပေါလ်စခိုးလ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ကစားသစ် ခေါ်ယူဖို့ အေးစက် နေသော်လည်း ဂန္တဝင် ကစား သမား ဟောင်း ပေါလ်စခိုးလ် ကတော့ ယူနိုက်တက် အနေနဲ့ ခေါ်ယူ သင့်တဲ့ ပရီးမီးယားလိဂ် ကစားသမား တစ်ဦးကို ထောက်ပြ လိုက် ပါတယ်။ စခိုးလ် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ လက်စတာ အသင်း နောက်ခံလူ ဖိုဖာနာကို ဇန်နဝါရီတွင် ခေါ်ယူသင့် ကြောင်း ပြောဆို ခဲ့တာ ပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်လေနဲ့ ပွဲစဉ်မှာ Clean Sheets ရယူ နိုင်ခဲ့ ပေမယ့် ရာသီ တစ်လျှောက် ယူနိုက်တက် နောက်တန်းဟာ ဂိုး များစွာ ခွင့်ပြု နေရပြီး ခြေစွမ်း တည်ငြိမ်မှု ကင်းမဲ့ လျက် ရှိနေ တာပါ။ အန်ဖီးလ် မှာ တွေ့ဆုံ မယ့် လီဗာပူးနဲ့ ပွဲစဉ်ဟာ ယူနိုက်တက် ခံစစ် အတွက် ကြီးမား တဲ့ စမ်းသပ်မှု တစ်ခုဖြစ်ပြီး ခြေမမှန် တဲ့ နောက်တန်း လေးယောက် ကို ပေါလ်စခိုးလ် က စိုးရိမ် လျက် ရှိပါတယ်။

ဇန်နဝါရီ အပြောင်း အရွေ့မှာ ကစားသမား သစ် ခေါ်ယူမှု ကြီးကြီး မားမား လုပ်လေ့ မရှိသော နည်းပြ ဆိုလ်းရှား အနေနဲ့  ချန်ပီယံ ဆုကို စိန်ခေါ် ဖို့ အကောင်းဆုံး ပြင်ဆင်မှု အနေ နဲ့ ဖိုဖာနာ ကို ခေါ်ယူ သင့် ကြောင်းပြောဆို ခဲ့ပါတယ်။

ESPN သ‌တင်း ဌာနမှာ ပေါလ်စခိုးလ် က “ မန်စီးတီး ၊ လီဗာပူး လို အသင်း တွေကို ခြေစွမ်း ပြပြီး ဂိုးပြတ် နိုင်ရမယ် လို့ မပြော ပါဘူး။ ကျွန်တော်တို့ လီဗာပူး ကို အရင်က နိုင်တုန်း ကလဲ 1-0,2-1 ရလဒ် တွေပဲ ရခဲ့ တာပါ။ တကယ်လို့ တိုက်စစ် က ဂိုးမရ နိုင်ရင် တောင် ပြိုင်ဘက် တိုက်စစ် ကို ခံနိုင် ဖို့ ‌ခံစစ် ကို အဓိက ပြင်ဆင် ရမှာပါ။

“ ဘစ်ဆာကာ က ခံစစ် ပိုင်း တော့ ရတယ်။ လုရှောက ဘယ်လို ထွက်လာ မလဲ သေချာ မပြောနိုင် ဘူး ။ နည်းပြ ဆိုလ်းရှား က မက်ဂွိုင်းယား နဲ့ တွဲ ကစား ဖို့ ခံစစ်‌ တစ်ယောက် ရှာဖွေ နေတုန်းဖြစ် ပြီး ဘိုင်လီ က ဒဏ်ရာ ခန ခန ရတယ်။ လင်ဒီလောဖ့် ကလဲ သေချာတဲ့ အဖြေ တစ်ခု မဟုတ်ပါဘူး ။

“ ကျွန်တော် သာ ဆိုလ်းရှား နေရာမှာ ဆိုရင် ဇန်နဝါရီ မှာ နောက်တန်း တစ်ယောက် ခေါ်မယ်။ အဲ့ချာတိတ် က လတ်စတာ က အသက် 20 ပဲရှိသေး တဲ့ ဝက်စလေ ဖိုဖာနာ ။ ထူးချွန် ပြီး ထိပ်တန်း ခံစစ်မှူး ဖြစ်လာ မှာပါ။ သူ့ကိုသာ ရရင် ယူနိုက်တက် အနေနဲ့ အိုကေ ပါပြီ။ ယူနိုက်တက် နောက်တန်း ဟာ အသင်းကြီး တွေနဲ့ တွေ့ရင် စိတ်မချ ရပါဘူး။ သူတို့ ဖြေရှင်း သင့် ပါပြီ ” ဟု ပြောကြား သွားခဲ့ ပါတယ်။