Spots news

အဓိကပစ်မှတ် လူကာကူ အပါအဝင် သန်း200 ခန့်ရင်းနှီး သွားမယ့် မန်စီးတီး

Unicode Version

မန်ချက် စတာ စီးတီး အသင်း ဟာ ယခုနှစ်ဘောလုံး ရာသီ အကုန် မှာ အသင်းရဲ့ လိုအပ်နေသော နေရာစုံ အတွက် ပေါင် သန်း 200 ခန့် ရင်းနှီး မြုပ် နှံ သွားမည် ဖြစ်ကြောင်း Daily Mail သတင်း ဌာန က ဖော်ပြ လာ ပါတယ်။

အသင်း က ထွက်ခွာ ဖို့ သေချာ နေပြီ ဖြစ်တဲ့ တိုက်စစ်မှူး အဂူရို ရဲ့ နေရာကို အစားထိုး ဖို့ လက်ရှိ အင်တာ မီလန် တိုက်စစ်မှူး လူကာကူ က အဓိက ပစ်မှတ် အဖြစ် ပါဝင် နေတာပါ။

မန်းစီတီး အသင်း ဟာ အသင်းရဲ့ တိုက်စစ် နဲ့ ခံစစ် အတွက် အင်အား ဖြည့်တင်း ရမှာ ဖြစ်ပြီး အဂူရို ၊ ဖာနန်ဒင်ဟို နဲ့ ဂါစီယာ ကဲ့သို့ သော အသင်း ရဲ့ အဓိက အထိုင် ကစား သမား များ ဖြစ်ခဲ့ သူတွေ က ရာသီ ကုန် မှာ အီတီဟတ် မှ အလွတ် ပြောင်းရွေ့ကြေး ဖြင့် ထွက်ခွ ာတော့မှာ ဖြစ် ပါတယ်။

Telegraph သတင်း ရဲ့ အဆို အရ ဂွာဒီယိုလာ ဟာ အသင်း အတွက် တိုက်စစ်မှူး တစ်ဦး၊ ဘယ်အစွန် ခံစစ်မှူး တစ်ဦး နှင့် ကွင်းလယ် အဖျက်ကစား သမား တစ်ဦး ကို ပြောင်းရွှေ့ ကြေးအမြောက် အများ အသုံး ပြု၍ ခေါ်ယူ သွားရန် ရှိနေ ပါတယ်။

အဂူရို ရဲ့ နေရာ အတွက် ရေရှည် အသုံး ပြုလို့ ရမယ့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေ နေတာ ဖြစ် ပြီး အင်တာ မီလန် မှ လူကာကူ နဲ့ ဒေါ့မွန် မှ ဟာလန်း တို့ကို ပစ်မှတ် ထားနေ တာဖြစ် ပါတယ်။

အပြောင်း အရွေ့ သာ ဖြစ်ပေါ် ခဲ့ ပါက လူကာကူ ဟာ မန်ချက် စတာ မြို့သို့ ဒုတိယ အကြိမ် ပြန်‌လည် ရောက်ရှိ လာတာ ဖြစ် ပြီး မန်ချက် စတာ စီးတီး အသင်း ရဲ့ မြို့ခံ ပြိုင်ဘက် ဖြစ်တဲ့ မန်ယူ နိုက်တက် မှာ လူကာကူ ဟာ နှစ် ရာသီ အထိ ကစားခဲ့ ဘူး ပါတယ်။

လူကာကူ ဟာ မန်ယူ သို့ 2017 တွင် ပြောင်းရွှေ့ လာပြီး နည်းပြ မော်ရင်ဟို နှင့် ဆိုးလ်ရှား တို့ လက်အောက် တွင် ရုန်းကန် ခဲ့ရ ပြီး ပြိုင်ပွဲ စုံ 96 ပွဲ ကစား ကာ 42 ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ်။

လက်ရှိ မှာ မန်စီးတီး အသင်း ဟာ ထိပ်ဆုံး နေရာမှ မန်ယူ နိုက်တက် နဲ့ လေးမှတ် အကွာမှာ ရှိနေပြီး တနဂ်နွေ ညမှာ ‌တော့ လက်ကျန် ပွဲစဉ် ဖြစ်တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ် ပါတယ်။ ထိုပွဲစဉ် မှာ အနိုင်ရ ရှိ ခဲ့ရင် ယူနိုက်တက် နဲ့ တစ်မှတ် သာ ကွဟ တော့မှာ ဖြစ်ပါတယ်။