Spots news

နေမာ ဖြစ်နေရတာမလွယ်ပါဘူး ဆိုပြီး အနားယူဖို့ ဆုံးဖြတ်ခဲ့ဘူးပါတယ် – နေမာ

Unicode Version

ပီအက်ဂျီ အသင်း ရဲ့ ဘရာဇီး တိုက်စစ်မှူး နေမာကတော့ မခံရပ် နိုင်အောင် ပြင်းထန် တဲ့ ဝေဖန်မှုများ ကြောင့် ပရော်ဖက် ရှင်နယ် ကစားသမားဘဝ က အနားယူ ဖို့ စဉ်းစား ခဲ့ ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါ တယ်။

နေမာ ဟာ ကမ္ဘာ့ အဆင့် တိုက်စစ်မှူး ဖြစ်ကြောင်း ပြောစရာ ပင်မလို ခဲ့ပါဘူး။ လက်ရှိမာလဲ ကမ္ဘ့ာ အကောင်း ဆုံး တိုက်စစ် မှူး 5 ဦး စာရင်း ဝင် ကစား သမား တစ်ဦး ဖြစ်ပြီး ဆန်းတိုစ့် ၊ ဘာစီလိုနာ ပီအက်စ်ဂျီ တို့ နဲ့ ဆုဖလား များစွာ ရယူခဲ့ သူလဲ ဖြစ် ပါတယ်။

နေမာ ဟာ 2017 ခုနှစ် မှာ ဘာစီ လိုနာ မှ ပီအက်စ်ဂျီ သို့ စံချိန်တင် ပြောင်းရွေ့ ကြေး ဖြင့် ပြောင်းရွေ့လာ ခဲ့တာ ဖြစ်ပြီး သူ့ ရဲ့ အပျော် အပါး မက်ပြီး ကလပ် တွေ ပွဲတွေ မကြာ ခန တက်လေ့ ရှိတဲ့ နေထိုင် မှု ပုံစံ ကြောင့် မီဒီယာ တွေရဲ့ အထူး ပစ်မှတ် ထား ဝေဖန် ခြင်းကို ခံရ လေ့ ရှိပါတယ်။

ဘရာဇီး သား ပီသပြီး ကလပ် ပွဲတွေ မိန်းမချော လေး တွေနဲ့ ကဲလေ့ ရှိတဲ့ နေမာ ဟာ မီဒီယာ များ  ပရိတ်သတ် များ ရဲ့ ဝေဖန်မှု တွေ ကို ခံခဲ့ ရပြီး ပင်နယ်တီ ဖန်‌တီး လေ့ရှိ တဲ့ ဟန်ဆောင် ဒိုင်ဗင် တိုက်စစ် မှူး တစ်ဦး ဟု သတ်မှတ် ခံ ရမှု တွေ ကြောင့် ဖိအား တွေကို ခံခဲ့ ရပြီး အနား ယူဖို့ ကြိုးစား ခဲ့ကြောင်း ပြန်ပြောင်း ပြောပြ ခဲ့ပါတယ်။

“ ပရိတ်သတ် တွေမှ မကြိုက် ရင် ဘာလို့ ဆက်ကစား နေ ရမှာ လဲ ၊ ငါဘောလုံး ကန်နေ တာ ဝေဖန် ခံ ချင်လို့ မဟုတ် ဘူး ဆိုပြီး အနား ယူဖို့ တွေးခဲ့ မိတယ် ။ ဘရာဇီး နဲ့ ပီအက်စ်ဂျီ ရဲ့ နေမာဖြစ် နေဖို့ က လွယ်ကူ နေတာ မဟုတ် ပါဘူး ။

ဒါပေ မယ့် ကျွန်တော် ဒီနေရာ ကို ဘယ်လောက် ရောက်ချင် ခဲ့လဲ ၊ ကျွန်တော် ဘယ်လို ကြိုးစား ခဲ့ရ တယ် ၊ ဘောလုံးကို ဘယ်လို ချစ်မြတ်နိုး လဲ ဆိုတာ တွေးမိ ရင် ကျွန်တော် စိတ် အနည်း ငယ် သက်သာ သွားခဲ့ ရပါတယ် ”

“ ကျွန်တော် နဲ့ ကျွန်တော့် မိသားစု ပျော်ရွှင်ဖို့ ၊ အောင်မြင် မှု တွေ ရရှိ ဖို့ ဘောလုံး ဆက် ကစားနေ ပါ ဦးမယ်။ ကမ္ဘာ့ အကောင်း ဆုံး ကစား သမား အဖြစ် ရှိနေ ရတာ ကောင်း ပါတယ် ။

လူတွေ က မုန်းချင် မုန်းမယ် ၊ ချစ်ချင် ချစ်မယ် ဒါတွေ ကို အတည် ယူ နေဖို့ မလိုအပ် ပါဘူး ” ဟု နေမာ က ပြောကြား ခဲ့ ပါတယ်။