Spots news

ဆိုလ်းရှား ဘာလဲ ပြသမယ့် ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်း

Unicode Version

ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ အဂ်လန် ဒါဘီ သို့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရဲ့ ပွဲစဉ် ဟာ တနဂ်နွေ ည 11 နာရီ အချိန်မှာ ရောက်ရှိ လာတော့ မှာပါ။

အခါး သီးဆုံး ပြိုင်ဘက် နှစ်သင်းရဲ့ ပရီးမီးယား လိဂ် ထိပ်ဆုံး နေရာ လုမယ့်ပွဲ ဟာ အတော်ပင် ကြုံတောင့် ကြုံခဲ ဖြစ်ပြီး နှစ်ဖက်လုံး အစွမ်းကုန် ရုန်း ကြမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။

ရာသီ မကုန် သေး ပေမယ့် ဒီပွဲစဉ်ဟာ ချန်ပီယံဆု  အတွက် အရေးပါတဲ့ ပွဲစဉ် တစ်ပွဲ လို့ ပြောလို့ရပါတယ်။

ဆိုလ်းရှား အနေနဲ့ အတောင့် တင်းဆုံး လူ စာရင်း နဲ့ ပွဲထွက် လာမှာ ဖြစ်ပြီး နောက်ပိုင်း ပွဲစဉ် တွေမှာ ခြေစွမ်း ကောင်း ပြသ နေတဲ့ အဲရစ် ဘိုင်လီ နဲ့ မက်ဂွိုင်းယား ခံစစ်အတွဲ ဟာ ဆိုလ်းရှား အတွက် ကောင်းမွန် တဲ့ ရွေးချယ်မှု ဖြစ်လာ မှာပါ။

လီဗာပူးရဲ့ မာနေးကို ထိန်းနိုင် ဖို့ ဝမ် ဘစ်ဆာ ကာ ရဲ့ ခံစစ် ဖျက်ထုတ် အားက စိုးရိမ် စရာ မရှိပါဘူး လုရှော ကလဲ ယူနိုက်တက် ရဲ့ ဘယ်ခြမ်းမှာ 100 ရာခိုင် နှုန်း ပြည့် ပါဝင် လာမှာပါ ။

ဒီ လေးယောက် ကတော့ ယူနိုက်တက် ရဲ့ လက်ရှိ အကောင်း ဆုံး ခံစစ် ဖြစ်ပြီး ကျော ဒဏ်ရာ က သက်သာ စ ဖြစ်တဲ့ လင်ဒီလော့ဖ် က တော့ အရန်ခုံမှာ ရှိနေ နိုင် ပါတယ်။ ဂိုးသမား ကတော့ ဒေးဗစ် ဒီဂီယာ ပါ။

ဘန်လေ နဲ့ ပွဲမှာ ကစား ခဲ့တဲ့  ပေါ့ဘာ နဲ့ မာတစ် တို့ ရဲ့ အတွဲဟာ ယူနိုက်တက် ကွင်းလယ် ခံစစ်နေရာ အတွက် အဆင်ပြေ ခဲ့ ပေမယ့် ကြွက်သားဒဏ်ရာ ကြောင့် မာတစ် ဟာ ပွဲထွက် လူစာရင်းမှာ ပါဝင်လာ ဖွယ်ရာ မရှိနိုင် ပါဘူး။

ဖရတ် သို့ ဗန်ဒီဘိခ် ကို ပေါ့ဘာ နဲ့ တွဲဖက် ၍ အဲလ် ကန်တာရာ ဦးဆောင် မယ့် လီဗာပူး ကွင်းလယ် ကို ယှဉ်ဖို့ ကြိုးစား လာမှာ ဖြစ်ပြီး ပေါ့ဘာ နဲ့ ဖရတ် (သို့) ဘန်ဒီဘိခ် ရဲ့ ရုန်း အား ဟာ ယူနိုက်တက် ရဲ့ အသက် ဖြစ်လာ နိုင် ပါတယ်။

ဘရူနို ဖာနန်ဒက်စ် က ကွင်းလယ် တိုက်စစ် ပိုင်းမှာ ပါဝင်ဖို့ သေချာ တယ် ဆိုတာ ပြောစရာ မလိုပါဘူး။

မာရှယ် က ကြံ့ခိုင် မှု မပြည့်ဝ ဘူး ဆိုတဲ့ သတင်း အရ ရပ်ရှ်ဖို ရဲ့ တိုးအား ၊ ကာဗာနီ ရဲ့ အတွေ့ အကြုံ နဲ့ ခံစစ် ပြသနာ ရှိ နေတဲ့ လီဗာပူးကို ဒုက္ခပေး လာ မှာပါ။

ဂရင်းဝုဒ် က တော့ အရန် ခုံမှာ ရှိနေ နိုင်ပြီး ညာတောင်ပံ မှာ ဒန်နီရယ် ဂျိမ်း  ပါဝင် လာ ဖွယ်ရာ ရှိနေ ပါတယ်။

ဆိုလ်းရှား အနေနဲ့ တော်မီနေး ရဲ့ ကစား အား ကို ထည့် သွင်း အသုံး ပြုဖို့ အတွက် ရော စဉ်းစားလာ မှာ ဖြစ်ပြီး 4-2-3-1 ဟာ ယူနိုက်တက် အတွက် အကောင်းဆုံး ကစားကွက် ဖြစ်လာ မှာပါ။

လက်ရှိ မှာ ယူနိုက်တက် တို့ အနေ နဲ့  အန်ဖီးလ် မှာ အနိုင် ( သို့ ) သရေ ရလဒ် ရယူ နိုင်ခဲ့မယ် ဆိုရင် အမှတ်ပေး ဇယားကို ဆက် လက် ဦးဆောင် ခွင့် ရရှိမှာ ဖြစ်ပြီး ရာသီဝက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် ကိုလည်း ပိုင်ဆိုင် သွားမှာပဲ ဖြစ် ပါတယ် ။