Unicode Version
စပိန် အင်အားကြီး ကလပ် အသင်း ဖြစ်တဲ့ အက်သလက် တီကို မက်ဒရစ် အသင်း ဟာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကို ခေါ်ယူရေးကြိုးစား လာမည် ဖြစ်ကြောင်း သိရပါတယ်။
အက်သလက် တီကို အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်း က လာကာဇက် ကို ခေါ်ယူရေး နှင့်ပတ်သက်၍ ကြိုးပမ်း မှု ပြုလုပ်ခဲ့ သော်လည်း အပြောင်း အရွှေ့ အကောင် အထည် ပေါ်ခြင်း မရှိဘဲ ဘာစီလိုနာ မှ ဆွာရက်ဇ်ကို ခေါ်ယူ ခဲ့ပါတယ်။
စပိန် အားကစား မီဒီယာ အေအက်စ် က အက်သလက် တီကို အသင်းဟာ လာကာဇက် ကို ခေါ်ယူရန် ပြန်လည် စိတ်ဝင်စား လာပြီး အာတီတာ နှင့် လာကာဇက် တို့၏ ဆက်ဆံရေး အဆင် မပြေမှု အပေါ်တွင် အခွင့်ကောင်း ယူရန် ကြိုးစား သွားဖွယ် ရှိကြောင်း
ရေးသား ဖော်ပြ ထားပါတယ်။ လာကာဇက် ဟာ အာတီတာ ၏ အာဆင်နယ် အသင်း အနာဂတ် အစီအစဉ် တွင် မပါ ဝင်ဘဲ လာမည့် နှစ်တွင် စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်း မှ အိုဇေးလ် အပါအဝင် ဆိုကရာတီးစ် နှင့် လာကာဇက် တို့မှာ အသင်းမှထွက်ခွာဖွယ်ရှိ နေပြီး ဆဲလ်တစ် တိုက်စစ်မှူး အီဒူးယတ်ကို လာကာဇက် ၏ နေရာတွင် အစားထိုးရန် အာတီတာ က ရည်မှန်းထား ကြောင်း သိရပါတယ်။
အာဆင်နယ် ဘယ်အစွန် ခံစစ်မှူး ကိုလာစီနစ် ဟာလဲ ယခုလတွင် ဂျာမန် ကလပ် ရှော်ကေးသို့ ရာသီကုန် သည့်အထိ အငှား စာချုပ် ဖြင့် ပြောင်းရွှေ့ ဖွယ် ရှိကြောင်း သိရ ပါတယ်။
အာဆင်နယ် နှင့် အက်သလက် တီကို အသင်းတို့ဟာ တော်ရဲရား နှင့် ပါတေး စသော ကစားသမားများကို နှစ်ဘက် အသင်းကြား အရောင်း အဝယ်လုပ်ခဲ့ ဖူးပြီး
အက်သလက် တီကို အသင်း အနေနဲ့ ကွင်းလယ်လူ ပါတေး ၏ အာဆင်နယ် သို့ ပြောင်းရွှေ့ မှုတွင် အချေ အတင် ဖြစ်ခဲ့ သော်လည်း ထိုကိစ္စ များကို မေ့ပစ်ပြီး လာကာဇက် ကို ခေါ်ယူရန် ကြိုးစား သွားမှာ ဖြစ်ပါတယ်။