Spots news

အသင်းမှာ ဆက်နေမည်ဆိုပါက လစာတစ်ဝက်လျော့ယူရနိုင်တဲ့ အဂွဲရိုး

Unicode Version

မန်စီးတီး အသင်းရဲ့ ပေါ်လစီ အရ အသင်းရဲ့ တိုက်စစ်မှူး အဂွဲရိုး ဟာ အသင်း နဲ့ စာချုပ်သက်တန်း တိုးမည် ဆိုပါက လစာ တစ်ဝက် လျော့ယူရမည့် အရေးနဲ့ ရင်ဆိုင် နေ ရပါတယ်။

အဂွဲရိုးနဲ့ မန်စီးတီး အသင်း ကြား မှာ ချုပ်ဆို ထားတဲ့ စာချုပ် သက်တမ်း က လက်ရှိ အချိန် မှာ ( ၆ ) လခန့် သာ ကျန်ရှိ နေ တော့တာ ဖြစ် သလို ဒီ ရာသီမှာ ဆိုရင် လည်း ဒဏ်ရာ ပြသာနာ တွေ ရဲ့ နှောင့်ယှက် မှု တွေ ကြောင့် အသင်း အတွက် ပွဲ အနည်းငယ် သာ ကစား နိုင်ခဲ့ ရပြီး သွင်းဂိုး တွေလည်း ကျဆင်း သွားခဲ့ ရ ပါတယ် ။

၆ လသာ ကျန်ရှိ တော့တဲ့ အတွက် ပရီးမီးယားလိဂ် ပြင်ပ ကလပ် အသင်း တွေ နဲ့ အပြောင်း အရွေ့ ဆွေးနွေး ခွင့် ရမှာ ဖြစ်ပြီး ပီအက်စ်ဂျီ ဘာစီလိုနာ တို့ရဲ့ စိတ်ဝင် စားမှု ကို ခံနေရတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်း ကတော့ ဒဏ်ရာ ပြသနာ တွေနဲ့ ရင်ဆိုင် နေရတဲ့ အသင်းရဲ့ တိုက်စစ်မှူး ကို စောင့်ကြည့် နေပြီး အစားထိုး ခေါ်ယူ ဖွယ် ကစား သမား မရရှိ သေးပါက အဂွဲရိုး ကို စာချုပ် သက်တန်း တိုး ဖွယ် ရှိနေ ပါတယ်။

မန်စီးတီး အသင်းဟာ အသင်း ရဲ့အသက် အရွှယ်ကြီး နေတဲ့ ကစား သမား တွေကို (၁)နှစ်လောက် သာ စာချုပ် သက်တမ်း တိုးလေ့ ရှိတာဖြစ် ပြီး

ယခင် ကလည်း အသင်းရဲ့ ဂန္တဝင်ကစားသမား ကြီး ဖြစ်တဲ့ ကွင်းလယ်လူ ယာယာတိုရေး ကို သက်တမ်း တိုးခဲ့ စဉ်က ၁ နှစ် သက်တမ်းသာ တိုးခဲ့ပြိီး လစာ ကိုလည်း မူလပေး ချေ နေတဲ့ လစာထက် ထက်ဝက်ကို လျော့ချခဲ့ ပါတယ်။

ထို့ကြောင့် အဂွဲရိုး အနေနဲ့ စာချုပ် သက်တန်း တိုးမည် ဆို ပါက လက်ရှိ ရရှိ နေတဲ့ လုပ်ခ လစာ ပေါင် ၂၆၀၀၀၀ ကို  ထက်ဝက် လျော့ ယူရ မှာပဲ ဖြစ် ပါတယ်။

အသင်း နဲ့ ၉ နှစ် နီး ပါး ကစား လာခဲ့ ပြီး အသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံး ဖြစ်တဲ့ အဂွဲရိုး အနေ နဲ့လဲ ထိုကဲ့သို့  စာချုပ် သစ် ကမ်းလှမ်း မှု မျိုးကို လက်ခံ ဖွယ် မရှိပဲ အသင်းသစ် ပြောင်းရွေ့ ဖို့သာ ရည်ရွယ် နိုင်ကြောင်း သတင်း များက ဖော်ပြ ထားပါတယ်။