Spots news

ဒီကလင်းရိုက်စ် ကို ခေါ်ယူရန် စောင့်ကြည့်နေတဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ဝက်စ်ဟမ်း အသင်း ကွင်းလယ် ခံစစ် ကစား သမား ဒီကလင်းရိုက်စ် ကို လာ မယ့် နွေရာသီ မှာ ပေါင်သန်း ၇၀ နဲ့ အရ ခေါ်ယူ ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။

မန်ယူ  အသင်း နည်းပြ ဆိုးလ်ရှား ဟာ လာမယ့်နွေရာသီ မှာအသင်း ရဲ့ ကွင်းလယ် ခံစစ်ကစားသမား တစ်ဦး နဲ့ ဗဟို ခံစစ် ကစား သမားတစ်ဦး ကို ခေါ်ယူသွား ဖို့ ဆန္ဒရှိ နေတာ ဖြစ်ပါတယ်။

အသက်၂၂ နှစ် သာ ရှိသေး တဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစား သမား ဒီကလင်း ရိုက်စ် ဟာ မန်ယူ အသင်း က ခေါ်ယူ ချင်နေတဲ့ နေရာ နှစ်နေရာ စလုံး မှာ ကစားနိုင် တဲ့သူ ဖြစ်ပြီး လက််ရှိ မှာ ကွင်းလယ် ပိုင်း ကို အဓိက စိုးမိုး ကစား နေတာဖြစ် ပါတယ်။

မန်ယူ နိုက်တက် ဟာ အခု ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ကို တစ်ဖန် ခြိမ်းခြောက် နိုင်တဲ့အသင်း အဖြစ် တွေ့မြင် ရတာ ကြောင့် လည်း အသင်း ရဲ့ အမှုဆောင် အက်ဝုဒ်က ဆိုးလ်ရှား ကို အပြည့် အဝ ထောက်ခံမှု ပြုလုပ် ထားကာ နွေရာသီ မှာတော့ ဒီကလင်း ရိုက်စ် ကို အရ ခေါ်ယူ ပေးဖို့ ပြင်ဆင် ထား တယ် လို့ ESPN ရဲ့ သတင်း တွေ အ ရ သိရ ပါတယ်။

ဆိုးလ်ရှား အနေ နဲ့ ဒီကလင်း ရိုက်စ် ဟာ မာတစ်ရဲ့ နေရာ အတွက် ဆက်ခံ နိုင် တာကြောင့် လည်း ခေါ်ယူ ဖို့ အပြင်း အထန် စိတ်ဝင်စား နေရတာဖြစ် ပါတယ်။

ဒီကလင်း ရိုက်စ် ရဲ့ လက်ရှိ အသင်း နဲ့ စာချုပ် သက်တမ်း က ၂၀၂၄ ခု နှစ် မှ ကုန်ဆုံးမှာ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်း အနေနဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေး ကို ပေါင်သန်း ၇၀ သတ်မှတ် ထားတာ ဖြစ်ပါတယ်။