Spots news

ဗိုလ်လုပွဲမှာ ပါဝင်ရန် မသေချာသေးတဲ့ လီယွန်နယ်မက်ဆီ နဲ့ သတင်းတိုများ

Unicode Version

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ်များမှာ ချဲလ်ဆီး အသင်း က ဖူလ်ဟမ် အသင်းကို တစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ သလို လက်စတာအသင်း ကလည်း အိမ်ကွင်း မှာ ဆောက်သန်တန် အသင်း ကို နှစ်ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရ ခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ ဖရန် လမ်းပတ် ကတော့ ဖူလ်ဟမ် အသင်း ကို အနိုင် ရခဲ့ ပေမဲ့ အသင်းသားတွေ ထံမှာ တော့ ယုံကြည်မူ ပျောက်ဆုံး နေကြောင်း ဝန်ခံခဲ့ ပါတယ်

ပြင်သစ် လီဂူး မှာတော့ ပီအက်ဂျီ အသင်း ဟာ အဝေးကွင်း မှာ အန်ဂါအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

ပီအက်ဂျီနည်းပြ ပိုချက်တီနိုဟာ ကိုဗစ်ရောဂါ ကူးစက်မှု ခံခဲ့ရတဲ့အတွက် လာမည့် ပွဲစဉ်များကို ကြီးကြပ်နိုင် ဦးမည် မဟုတ်ကြောင်း အသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်

တော့တင်ဟမ် ဟော့စပါး အသင်းဟာ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်ကို အငှားခေါ်ယူရန် နီးစပ်နေပြီ ဖြစ်သော်လည်း တစ်ပတ်လုပ်ခ ပေါင် ၃သိန်းကိုတော့ ပေးချေမှာ မဟုတ်ကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး နည်းပြ မော်ရင်ညိုကတော့ကွင်းလယ်လူ ဒယ်လီအလီရဲ့ အပြောင်းအရွှေ့ သတင်းများကို ဖြေဆိုရန် ငြင်းဆန်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်း ဟာ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဂိုးသမား နီတိုဟာ အသင်းကနေထွက်ခွာခွင့် တောင်းထားကြောင်း နည်းပြ ရော်နယ်ကိုးမန်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာပြသာနာကြောင့် ယနေ့ည ဘီဘာအိုအသင်းနဲ့ ကစားမည့် စပိန်စူပါဖလား ဖိုင်နယ်ကို ပွဲထွက်ကစားရန် မသေချာကြောင်း သိရပါတယ်။