Spots news

အန်ဖီးလ်မှာ သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတဲ့ လီဗာပူ အဆင့်လေးထိရောက်နိုင်

Unicode Version

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်းနှစ်သင်း ရင်ဆိုင်တွေ့ခဲ့တဲ့ အဂ်လန်ဒါဘီ ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သူနိုင်ကိုယ်နိုင် ကြဲကျမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မန်ချက်းတာယူနိုက်တက် ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်မှု လီဗာပူးရဲ့အလီဆန် လက်စွမ်းပြမှု တို့ကြောင့် ဂိုးမရှိ သရေကျခဲ့ပြီး ကလော့ပ် နဲ့ ဆိုးလ်ရှားတို့ဟာ တယောက်ကို သရေ တမှတ်စီသာ ခွဲဝေယူခဲ့ကြရပါတယ်။

ပထမပိုင်းမှာတော့ သီယာဂိုအယ်ကန်တာရာရဲ့ ဖြတ်တင်ဘောတွေနဲ့အတူ လီဗာပူးဟာ ပွဲအစ ကတည်းက တရစပ် တိုက်လာ ခဲ့ပေမယ့် ဖာမီနို ဆာလာ မာနေးတို့ရဲ့ အဆုံးသတ်ညံ့ဖျင်းမှု အပြင် တဖက်အသင်းက လင်ဒီလော့ဗ် နဲ့ ​မက်ဂွိုင်းယားတို့ရဲ့ အမှားအယွင်း ကင်းပြီး ထိန်းဆော့နေတဲ့ ယူနိုက်တက် နောက်တန်းကြောင့် ပထမပိုင်းမှာ လီဗာပူးတို့ ပြာသလောက် ဖွဲမထွက် ခဲ့ပါဘူး။

ယူနိုက်တက်က ပထမပိုင်းမှာ ခံစစ်ကို အားပြုပြီး ရပ်ရှ်ဖို့ ၊ ဘရူနို ၊ မာရှယ်တို့ရဲ့ ကောင်တာကစားပေါက်ကို အားကိုးခဲ့ပေမယ့် ရပ်ရှ်ဖို့ ဟာ ပထမပိုင်းမှာတင် လူကျွံဘော လေးကြိမ် အထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ စံချိန် သစ် တင်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ လီဗာပူး သိသိသာသာ ကစားအားကျသွားခဲ့ပြီး ယူနိုက်က်တက်တို့ ဂိုးရနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရရှိခဲ့ပေမယ့် ပေါ့ဘာ ၊ ဘရူနို ဖာနနဒက်စ် တို့ရဲ့ ကန်ချက် တွေကို အလီဆန် အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ကလော့ပ် တယောက် သက်သာရာရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသရေပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်ကအဆင့်တစ်မှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် လီဗာပူးအသင်းဟာ အိမ်ကွင်းအန်ဖီးလ်မှာ ယူနိုက်တက်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့လို့ အဆင့် ၁နေရာကို မရ တော့တဲ့အပြင် မန်စီးတီးသာ ပဲလေ့စ် ကို အနိုင်ရခဲ့ ပါက လက်ရှိ ရပ်တည်နေတဲ့ အဆင့် ၃နေရာကနေ အဆင့် ၄အထိ ဆင်းသက်ပေးရဖို့ ရှိနေပါတယ်။