Unicode Version
တူရကီကလပ် ဖီနာဖာချီ အသင်းဟာ ရီးရဲယ်လ်မဒရစ် တောင်ပံ ကစားသမား အက်ဒင်ဟာဇတ်ကို ၆ လအငှား+ အပြီးသတ် ဝယ်ယူခွင့် နဲ့ခေါ်ယူဖို့ကြိုးစားနေပြီး
ရီးရဲ အသင်းဘက် မှလဲ လက်ခံ သွားဖွယ်ရှိနေတယ် လို့ စပိန် နဲ့ တူရကီမှ ခိုင်မာတဲ့ သတင်းရင်းမြစ် အတော်များများ က ဖော်ပြ နေကြပါတယ်။
ဖီနာဖာချီ အသင်း သို့ ပြောင်းရွှေ့တော့မည့် အိုဇေးလ်ဟာ ဇန်နဝါရီ ၁၇ ရက်က အာဆင်နယ်အသင်း ၏ လေ့ကျင့်ရေးကွင်း သို့ ရောက်ရှိလာပြီး အသင်းဖော်များနှင့် ဝန်ထမ်းများကို နှုတ်ဆက် ခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် အိုဇေးလ်ဟာ ဖီနာဖာချီအသင်းနှင့် ဆေးစစ်မှု ခံယူရန် တူရကီသို့ သွားရောက် နေပြီဟု Sky Sports သတင်းဌာနက ဖော်ပြထား ပါတယ်။
ဘာစီလိုနာ အသင်း ကတော့ စပိန် စူပါဖလား ဖိုင်နယ်ပွဲ အတွင်း ၂ ကြိမ် တိုင်တိုင် ဦးဆောင်ခွင့် ရခဲ့ပေမယ့် လည်း ဦးဆောင်ဂိုးတွေကို
မထိန်းနိုင် ခဲ့တဲ့ အတွက် အချိန်ပို မှာ ၂-၃ ဖြင့် ဘီလ်ဘာအို အသင်းက အနိုင် ရရှိပြီး တတိယ အကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
စပိန် စူပါဖလား ဗိုလ်လုပွဲတွင် ပြသခံရသည့် ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ၏ အနီကတ်မှာ အသင်းအတွက် ကစားသည့် ပြိုင်ပွဲစုံ ၇၅၃ ပွဲ မြောက်တွင် ပထမဆုံး ပြသ ခံရခြင်း ဖြစ်ပါတယ် ။
မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနှင့် ၂၀၀၅၊ ၂၀၁၉ ခုနှစ် များတွင် အနီကတ်(၂)ကြိမ် ပြသ ခံခဲ့ရဖူး ပါတယ်။
မန်စီးတီး အသင်းရဲ့နောက်ခံ ကစားသမား ဂျွန်စတုန်း ဟာ မနေ့ညက ခရစ္စတယ် ပဲလေ့စ်အသင်း နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ မန်စီးတီး အသင်း အတွက်
အဖွင့်ဂိုး နဲ့ တတိယဂိုး တွေကို သွင်းယူ ပေးနိုင်ခဲ့တဲ့ အတွက် ဒီဂိုးတွေဟာ သူရဲ့မန်စီးတီးကစားသမားဘဝ အတွင်းမှာ စတင် သွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေ လည်း ဖြစ်လာခဲ့ ရပါတယ်။