Unicode Version
နည်းပြ လမ်းပတ် အနေ နဲ့ အသက် ၃၄ နှစ် အရွယ် ပြင်သစ် တိုက်စစ် မှူး ဂီရောက် ကို အသင်း မှာ ဆက် ရှိ နေ ဖို့ အလို ရှိ နေတာ ဖြစ်ပါတယ် ။
ဂီရောက် ဟာ ဇန်နဝါရီ အပြောင်း အရွေ့ မှာ အသင်း က ထွက် ခွာ တော့မည် ဟု နာမည် ကြီး နေတဲ့ ကစား သမား တဦး ဖြစ် ပါတယ် ။
ချဲလ်ဆီး မှာ ပုံမှန် ပွဲထွက် ခွင့် ပျောက် ဆုံး နေတဲ့ ဂီရောက် ကို အင်တာ မီလန် ဂျုဗင်တပ်စ် အေစီ မီလန် တို့လို အီတလီ စီးရီး အေ ထိပ်သီး ကလပ် အသင်း တွေအပြင် ပရီးမီးယား လိဂ် ကလပ် အသင်း တချို့ ကလည်း ပစ် မှတ် ထား နေပါတယ် ။
အသင်း နဲ့ စာချုပ် သက်တမ်း ခြောက် လ သာ ကျန်ရှိ တော့တဲ့ ဂီရောက် ဟာ ပရီးမီးယား လိဂ် ပြင်ပ ကလပ် အသင်း များ နဲ့ အပြောင်း အရွေ့ ဆွေးနွေး ခွင့် ရရှိ ထားပါတယ် ။
ဂျူဗင် တပ် အသင်း ဟာ ခရစ်စတီယာနို နဲ့ အတူ တွဲ ကစား ဖို့ ဂီရောက် ကို ခေါ်ယူ ချငိတာ ဖြစ် ပေ မယ့် ၆ လ ခန့် သာ ခေါ်ယူ မှာ ဖြစ်လို့ ဂီရောက် အနေ နဲ့ စဉ်းစား ရ ခက်နေ တာပါ ။
လမ်းပတ် ကတော့ တီမိုဝါနာ နဲ့ အေဘရာဟမ် တို့ ခြေစွမ်း ကျ နေတာ ကြောင့် ပြင်သစ်သား ကို အသင်း မှာဆက် ထိန်းချင် နေတာ ဖြစ်ပြီး ဂီရောက် ဟာ ပြင်သစ် အသင်း နဲ့ ယူရို ပြိုင်ပွဲ ကို ဝင် ရောက် ယှဉ် ပြိုင် ဖို့ ရည်ရွယ် နေတာ ဖြစ်လို့ ပုံမှန် ပွဲထွက် ခွင့် ရရှိ နိုင်မည် ဆိုလျှင် ချဲလ်ဆီး မှာ ဆက်ရှိ နေ နိုင်ပါတယ် ။
Zawgyi Version